အခန်း ၆။ မမြည်​တွင်​​သောမင်္ဂလာဦးည
11.8K 1.1K 25
Zawgyi
ဆက်​ခံသူလွှဲအပ်​ပြီးကတည်းက သူနှင့်​ကျွန်​​တော်​ မျက်​နှာချင်းမဆိုင်​ဖြစ်​။ သူ့ကိုပဲ မုန်းသလိုလို။ ကိုယ့်​ကိုကိုယ်​ပဲ ရွံရှာသလိုလို။
သူတို့အမြင်​မှာ ကျွန်​​တော်​ဟာ အဲ့​လောက်​ဆိုးဝါး​နေပြီလား။ လိမ္မာပြရင်​ ကြိုးစားပြရင်​​ရော အမြင်​ကြည့်​လာကြမလား။
၂လကြာသည်​အထိ အကြည့်​များက မ​ပြောင်းလဲ​ပေ။ တီးတိုးသဖန်းပိုး​တွေက​တော့ ​နေရာတိုင်းမှာရှိမြဲ။ ပိုဆိုးသည်​က .....
" ရုပ်​​လေးကြည့်​​တော့ မထင်​ရပါဘူးဟယ်​ ချူစားထားတာ​တွေ ​ပေါ်မှာ စိုးလို့ အသည်းနဲ့အသန်​ ကြိုးစားပြ​နေတာ "
" Boss ​ရှေ့ကြိုးစားပြပြီး ​နောက်​ကွယ်​ကဘယ်​​လောက်​​တောင်​ ဖြုန်းပစ်​ပြီလဲ မသိဘူး "
" ကြည့်​ပါလားဟယ်​ ဝတ်​တာကိုက အကုန်​ Branded "
" ငယ်​ငယ်​က​လေးတည်းက ​ထောက်​ပံ့​ကြေးနဲ့ ​နေလာတာဆိုပဲ "
" ​ကျေးဇူး​ကျွေးကို ခန္ဓာကိုယ်​နဲ့ ထိုးဆပ်​တာ​နေမှာ​ပေါ့ "
" Boss ​နောက်​ကွယ်​ ​ကောင်​မ​လေး​တွေနဲ့ တွဲရင်​တွဲ​နေမှာ​ပေါ့  ​ပြောလို့ရမလား စပွန်​စာဘဝကတက်​လာတာပဲ ကို ....."
ကြိုးစားသမျှ အရာမထင်​ပုံက ​ရေ​ပေါ်အရုပ်​​ရေးခဲ့သလို။ ဘာ Branded လဲ။ သူဝယ်​ထည့်​​ပေးထားသမျှ ယူဝတ်​​နေမိတာက ကိုယ့်​အမှားလား။
ဘာရယ်​ စပွန်​စာ။ ကျွန်​​တော်​ဟာ .. ကျွန်​​တော်​ဟာ ဘာ​တွေများ လုပ်​ခဲ့မိလို့ ဒီ​လောက်​ထိ အ​ပြောခံ​နေရပါလိမ့်​။
စကားဆိုတာ စတာနဲ့ ကားတတ်သည်​။ အလုပ်​မှတဆင့်​ ပတ်​ဝန်းကျင်​ထိ။ အလုပ်​ကိစ္စနှင့်​ Hotel ​ဂေါက်​ကွင်း ဆိပ်​ကမ်း Plaza ​ရောက်​ခဲ့ရသမျှက ကျွန်​​တော်​ဟာ အ​ပြောမလွတ်​။
ဒါ​တွေဘယ်​သူစတဲ့ဇာတ်​လဲ။ ခင်​ဗျားကြီးကို ကျွန်​​တော်​ မုန်းတယ်​ သိရဲ့လား။
နဂိုကမှ လူဆိုတာ ​ချောင်​ပိတ်​ခံရရင်​ ထွက်​​ပေါက်​ရှာတတ်​ကြတာပဲ​လေ။ စပွန်​စာ ဟုတ်​လား။ ချူစီ ဟုတ်​လား။
အဲ့လိုလူအစစ်​ကဘာလဲ ပြ​ပေးမယ်​။
_______________________________________