အခန်း ၂၆။ ကြင်​နာသူ​ရေ
12.1K 1K 9
Zawgyi
ဆေးရုံ​ဆေးခန်းကို သူကိုယ်​တိုင်​က ​ဆေးကုရရင်​ ချစ်​သည်​။
ကိုယ့်​ကို​ဆေးကုသခံရရင်​​တော့ မုန်းသည်​။
သို့​​ပေမဲ့ သူဟာ ကိုယ်​တိုင်​ကိုယ်​ကျ ​ရောဂါ​ဖွေရှာခဲ့သူမလား​လေ။
ဘာကို ​ကြိုက်​သည်​ မုန်းသည်​ ​ရွေးချယ်​​နေရမှာလဲ။
" ဆန်​ပြုတ်​​လေး ဝင်​​အောင်​စား​လေ ​နောက်​ opeartion က ပြန်​စ​တော့မှာ အားမရှိလို့ ဘယ်​ဖြစ်​ပါ့မလဲ "
" ​မေ​မေ "
" အင်း သား "
" ကျွန်​​တော်​ ဝပြီ "
ပြောရင်း ​ရှောင်​ဖယ်​​တော့လည်း ​မေ​မေကလက်​မ​လျှော့။
" သားရယ်​ သားကို​လေ ခွဲစိတ်​မှု ​အောင်​မြင်​ပြီ ဆိုပြီး သိပ်​သတိမထားမိခဲ့ကြဘူး "
" ........ "
" ဒါ​ပေမဲ့ သားက ​မေ့​ဆေးပြယ်​ပြီး နိုးလာရမဲ့အချိန်​မှာ မနိုးခဲ့ဘူး "
" ဘယ်​နှစ်​နာရီ ကြာသွားတာလဲ "
" တစ်​ပတ်​  "
" ဗျာ "
" ဟုတ်​တယ်​သားကြီး ၃ရက်​ဖြစ်​လာ​တော့ ဆရာကြီးက ​ဆေး​တွေ ပြန်​စစ်​တယ်​ "
" တစ်​ခုခုမမှားခဲ့ဘူးမလား "
" ​ဆေးကုသတဲ့အပိုင်းမှာ မှားယွင်းမှုမရှိခဲ့ဘူး "
" ဒါဆို....... "
" သား ပင်​ပန်းလွန်​ပြီး shock ဝင်​​နေခဲ့တာ ​ပြောရရင်​ ​မျော​နေသလို​ပေါ့ "
" ၅ရက်​​တောင်​တဲ့လား "
" ​ဆေးစစ်​​ပေမဲ့ ဒါဟာ ပင်​ပန်းဒဏ်​​ကြောင့်​ လူနာက အိပ်​​ပျော်​သလို ​မေ့​နေတယ်​ဆိုတာ သိရ​တော့ အစာအာဟာရ​တွေပါ ပိုက်​နဲ့ သွင်းရပြန်​တယ်​ "
" ..... "
" ​မေ​မေ ရင်​နာလိုက်​တာ သားရယ်​ ၊ သားက နိုးမလာ​တော့ ဆရာကြီးက သူ့အသိ ဆရာဝန်​တစ်​​ယောက်​ကို ဖုန်းဆက်​ပြီး အကြံဥာဏ်​​တောင်းတယ်​၊ သူက ​ပြောတယ်​ ၊ အနားမှာ စကား​တွေ တစ်​တွတ်​တွတ်​​ပြော​နေ​ပေးပါ တဲ့ လူနာက ကြားသိနိုင်​ပြီး ပြန်​နိုးလာနိုင်​ဖို့အတွက်​တဲ့ "