Our Babies
7.5K 586 18
For Zawgyi
( the last extra 😁😁😁 ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျား )
" ကိုကို သမီးတို့ကို တစ်ချက်သွားကြည့်ပါဉီး ကလေးက အရမ်းငိုနေတယ် "
" အင်း အင်း "
အင်းအင်းသာပြောတာ မြက်ထွေးက လုံးဝမလှုပ် ... အေးဝေကိုယ်တိုင်လည်း အိပ်ရာက မထနိုင် ... ညက ..
အင်း ... ညက မြက်ထွေးက ...
" ကိုကို ထပါဆိုဗျာ "
" အင်း ထပါပြီဗျာ "
အေးဝေ တကျီကျီလုပ်ကာ ပြောမှ မြက်ထွေးက အိပ်ရာမှ ထသွားလေသည်...
" အို .... သမီးတို့က ဗိုက်ဆာနေတာလား "
နှစ်နှစ်ပြည့်ခါနီး သမီးတွေကို နှစ်ယောက်အိပ်လို့ရသည့် ပုခက်အကြီးကြီးနဲ့ထည့်သိပ်တာမို့ တစ်ယောက်ငိုတာနဲ့ နောက်တစ်ယောက်ကပါ လန့်နိုးလာတာမျိုး ...
" ကလေးရေ နို့ဘူးဖျော်ထားပြီးသားရှိလား "
" ရှိတယ် Microwave နဲ့ ပြန်နွှေးနေရမှာ အာ့က မကောင်းဘူး အသစ်ဖျော်လိုက်မယ် ခဏစောင့် "
မထူးပါဘူးလေ အေးဝေမထလာလို့မဖြစ်တော့ ... ညကြီးသန်းခေါင် အိမ်ကလူတွေကို နှိုးလို့လည်းမဖြစ်.. သူတို့က အိမ်နောက်က တန်းလျားမှာ နေတာမလား ...
နာနေသည့်နေရာကို လက်နဲ့အသာတို့ထိကာ စောင်ပုံထဲက တိုးထွက်ရသည်...
နို့ဘူးဖျော် .. နွေးအောင်လုပ်ရင်း အေးဝေအတွေးတွေက သမီးတွေမွေးတဲ့အချိန်..
သမီးတို့ရဲ့ မွေးမိခင်က သမီးလေးတွေကို သေချာဂရုတစိုက် စောင့်ရှောက်ခဲ့တာမို့ မွေးဖွားချိန်ထိ ပြဿနာမရှိပေမဲ့ မိခင်နို့တိုက်ဖို့ရာက အင်မတန်ခက်ခဲလာခဲ့သည်.... နို့ရည်ဂလင်း အားနည်းသည်တဲ့ ... သူကိုယ်တိုင်ကလည်းယောက်ျားလေးမို့လို့ ဘာမှမလုပ်နိုင်...
အဲ့တုန်းက ဆိတ်နို့ တိုက်ဖို့ မေမေက တိုက်တွန်းတော့ သူ့မှာ မတိုက်ရက် ...
နို့ဆာလို့ အော်ငိုနေတဲ့သမီးတွေကိုကြည့်ပြီး သူတို့လူကြီးသုံးယောက်မှာ မျက်ရည်ဝဲနေခဲ့ရချိန်တွေ အများကြီး ...