အခန်း ၁၀။ ခွင့်​ပြုချက်​​တဲ့လား
10.4K 1K 3
For Zawgyi
" တင်​ပြချက်​​တွေ အရင်​ဆုံး ​ပြောပါ ​အေး​ဝေ "
" အာ ဟုတ်​ကဲ့ Boss၊ ဒီတစ်​ခါ မိုးရာသီနဲ့လိုက်​ပြီး အဝတ်​အစားနဲ့ အလှကုန်​​တွေဘက်​ကို သူတို့က ပိုရည်​ရွယ်​ပါတယ်​၊ ​ဈေးကွက်​စီးပွား​ရေးအသစ်​လုပ်​ချင်​တယ်​လို့​ပြောပြီး korea နဲ့ ဂျပန်​ဘက်​ပါ တင်​ပြချက်​အသစ်​​တွေ တက်​လာပါတယ်​ "
" မင်းက​ရော ဘယ်​လိုမြင်​လဲ "
" နမူနာ​တွေ အရင်​ပြကြည့်​ဖို့​ပြောထားပါတယ်​၊ က​လေးဝတ်​​တွေပါ ပါလာမှာမို့၊ ကျွမ်းကျင်​တစ်​​ယောက်​ ထပ်​ခန့်​ချင်​ပါတယ်​ "
" ကျွမ်းကျင်​? "
" အခု တဖြည်းဖြည်းနဲ့ လူငယ်​ပိုင်း အထူးသဖြင့်​ က​လေးသူငယ်​​တွေမှာ အဝတ်​အစားမှာပါတဲ့ fibre နဲ့ ဓာတ်​မတည့်​တာ​တွေ ရှိလာပါတယ်​၊ မြန်​မာပြည်​ရာသီဥတုနဲ့ က​လေး​တွေအသားအ​ရေနဲ့ မတည့်​တာ​တွေ ဖြစ်​လာနိုင်​လို့ ​ဆေးဝါးနဲ့ဓာတုကျွမ်းကျင်​ လိုအပ်​ပါတယ်​ Boss "
" သ​ဘောတူတယ်​ "
" တင်​ပြချက်​​ရွေးချယ်​မှုက​ရော Boss "
" တစ်​ပတ်​အတွင်း နမူနာပစ္စည်းရ​အောင်​​တောင်းပါ၊ အဆင်​​ပြေ​ပြေဖြစ်​​အောင်​ တစ်​ခါတည်း ပြည်​တွင်းcompany ​တွေနဲ့ ဆက်​သွယ်​ပြီး နမူနာ​တွေကို project show လိုပြင်​ဆင်​ပြီး၊ ပြည်​ပကမှာယူမဲ့ company ​တွေကို ဖိတ်​​ခေါ်လိုက်​ပါ "
" ဟုတ်​ကဲ့ပါ Boss "
" စာကြည့်​စားပွဲ​ပေါ်မှာ စာအိတ်​တစ်​အိတ်​တင်​ထားမယ်​ ထင်​တယ်​ ယူ​ပေးပါလား "
" ဟုတ်​ကဲ့ "
ဆွေး​နွေးတဲ့ ထိုင်​ခုံက​နေ ထပြီး ခပ်​လှမ်းလှမ်းက စာကြည့်​စားပွဲဆီ ​လျှောက်​လာလိုက်​သည်​။ စာကြည့်​ခန်းကို ​ဆွေး​နွေးဖို့လိုတိုင်း လာတတ်​​ပေမဲ့၊ စားပွဲထိ တစ်​ခါမှ​တော့ မ​ရောက်​ဖူးပါ၊ စားပွဲ​ပေါ်တွင်​ ဓာတ်​ပုံများ​ထောင်​ထားသည်​။ မိသားစုပုံ၊ သူငယ်​ချင်းအုပ်​စုလိုက်​ပုံ တို့အပြင်​ တခြားမရှိ​ပေ။ မိသားစုပုံထဲတွင်​ Boss ဟာ အင်​မတန်​ငယ်​​သေးသည်​။ ​ကျောင်းဝတ်​စုံပြည့်​နှင့်​ ဆုတံဆိပ်​​များစွာကို လက်​ထဲတွင်​ကိုင်​ထားပြီး အားရပါးရရယ်​​နေ​သော ​ကျောင်းသား​လေးနှင့်​ ပီတိပြုံးနှင့်​ သားဖြစ်​သူအား ကြည့်​​နေ​သော မိဘနှစ်​ပါး။ ​နောက်​တစ်​ပုံက​တော့ သူငယ်​ချင်းအုပ်​စုလိုက်​ဖြစ်​မည်​။ ​ကျောင်းစာသင်​​ဆောင်​တစ်​ခုကို​ ​နောက်​ခံထားပြီး သူငယ်​ချင်း ၆​ယောက်​စုတွဲရိုက်​ထား​သောပုံ။ Boss နှင့်​အတူ ​နေ့လည်​ကမှ အိမ်​သို့​ရောက်​​နေ​သော ​ဒေါက်​တာထားခင်​ ဆိုသူလည်းပါသည်​။ ဟင်​ ဒါက ကို​အောင်​​မောင်းပါလား။ ကျန်​​သော ၃​ယောက်​ကို​တော့ မမြင်​ဖူး​ပေ။ ဓာတ်​ပုံကြည်​လင်​ပြတ်​သားပုံက ရယ်​မြူးရိပ်​သန်း​နေ​သော မျက်​နှာတို့ကို အမိအရရိုက်​ပြထားသည်​။ ရင်​ဘက်​မှ ​အတန်းတံဆိပ်​​လေးကပါ ထင်း​နေ၏။ ဒသမတန်း ( ထ )။ အိုး အထူးတန်းကလား။ ​နေပါဦး ​နောက်​က​ကျောင်း​ဆောင်​ကြီး မြင်​ဖူး​နေပါတယ်​။ ဒါ သူတို့​ကျောင်းက သူတို့အထက်​တန်း​ကျောင်းသားအရွယ်​တုန်းက မသုံး​တော့တဲ့ ​ကျောင်း​ဆောင်​အိုကြီးမဟုတ်​ဘူးလား။ ဟုတ်​သား Boss က သူ့ထက်​ ၈နှစ်​​တောင်​ကြီးတာကို။ ဒါဆို Boss က သူတက်​ခဲ့တဲ့ ​ကျောင်းက စီနီယာပဲ​ပေါ့။ ဘာလို့ မသိရပါလိမ့်​။