အခန်း ၃၀။ ​အသက်​ရှည်​​ဆေး
12.2K 978 21
Zawgyi
အချစ်​ဟာ လိုက်​လို့လည်း မ​ပြေး​တော့ဘူး။
ပြေး​တော့လည်းမလိုက်​​တော့ဘူး။
သူ​ရောကျွန်​​တော်​ပါ ​ခြေစုံရပ်​​နေခဲ့ချိန်​ဟာ မျက်​နှာချင်းဆိုင်​ဖြစ်​​နေခဲ့တာပါ။
...............
" ကဲ လျှာ​လေးထုတ်​ပါဦး ဦးဦး အပူတိုင်းချင်​လို့ "
လျှာ​လေးထုတ်​ပြ​သော က​လေး​လေး၏ ပါးစပ်​ထဲ သာမိုမီတာ​လေး ထည့်​​ပေးရင်း တစ်​ဖက်​က ​သွေး​ပေါင်​ချိန်​လိုက်​သည်​။
သာမိုမီတာ​လေး ပြန်​ထုတ်​​တော့ အပူက သိပ်​မရှိ​တော့။
သွေး​ပေါင်​​တော့ကျ​နေသည်​။ နှလုံးခုန်​နှုန်းသိရ​စေရန်​ stethoscope ​လေးနဲ့ ရင်​ဘတ်​ကိုအသာကပ်​လိုက်​ကာ
" သား​လေး အသက်​ကို ဖြည်းဖြည်းရှူကြည့်​ ဦးဦးပြသလို လုပ်​ "
အသက်​ကို တစ်​ချက်​ချင်း ရှူထုတ်​လုပ်​ပြရင်း နား​ထောင်​ကြည့်​​တော့ အင်​မတန်​​နှေး​ကွေး​နေ​သေး​ပေမဲ့လည်း အရင်​​လောက်​​တော့ မဆိုး​တော့။
" ဟုတ်​ပြီ သားသား ဒီ​နေ့ ​နေရတာ ဘယ်​လို​နေလဲ ​မောလား "
" မ​မောဘူး ဦးဦး​ဒေါက်​တာ သားသားက အရမ်း​ပျော်​​နေတာ "
" ဟုတ်​လား ဘာလို့ ​ပျော်​​နေတာလဲ ဦးဦးကိုလည်း ​ပြောပါဦး . ​ပျော်​စရာဆိုတာ ​ဝေမျှရတယ်​ကွ "
" ဒီ​နေ့သားအစ်​ကို ပြန်​လာမှာ​လေ "
" ဟုတ်​လား သားအစ်ကိုက ဘယ်​မှာ​နေတာမို့လဲ "
" သားအစ်​ကိုက ဟိုးးးးး​ဝေးကြီးမှာ သား​နေမ​ကောင်းလို့ ပြန်​လာမှာတဲ့ "
ပြုံးရယ်​​နေ​သော က​လေးငယ်​​လေးလို ကျွန်​​တော်​ဟာလည်း တစ်​ချိန်​ တစ်​ခါက သူ့ကို​မျှော်​ခဲ့ဖူးတာ​ပေါ့။ အ​ခြေအ​နေမတူတာဆိုလို့ က​လေးငယ်​​လေးက တကယ်​လာမှာ သိ​နေခဲ့ပြီး ကျွန်​​တော်​က​တော့ လာမယ်​မလာဘူး မ​သေချာတဲ့ ခင်​ဗျားကို ​စောင့်​​မျှော်​​နေမိတာ။