Zawgyi
လက်ထပ်ပြီးရင် မိသားစုတစ်ခုဖြစ်ပြီတဲ့လား။ တရားဝင်အိမ်ထောင်ဖက်ဟု သတ်မှတ်၍မရသော စာချုပ်တစ်ခုမှာ အသိသက်သေနှင့်တကွ လက်မှတ်ထိုးထားခဲ့ပေမဲ့။ စာချုပ်စာတမ်းနှင့် အဝယ်ခံလိုက်ရသလိုသာ ခံစားမိသည်။
လူချင်းမျက်နှာချင်းဆိုင်မိရင်ကို သူကမထိခလုတ်ထိခလုတ်နှင့် သူပိုင်ဆိုင်လိုကြောင်း အရိပ်အခြေပြတတ်သောကြောင့် သူ့နားမသွားဖြစ်။
ယနေ့ကတော့ တရားဝင်ပိုင်ရှင်လွှဲပြောင်းမည့်နေ့မို့ သူရောကျွန်တော်ပါ အလုပ်သို့ အတူတူသွားရမည်။ မနေ့ညကတည်းက ရှေ့နေကြီးက ပြောပြပြီးပြီဖြစ်၍ လုပ်ရမဲ့အစီအစဉ်တွေ သိပြီးပြီပေမဲ့ ကျွန်တော်ကတော့ဖြင့် သူနှင့်အတူတူအလုပ်မသွားချင်ပါ။
မလိုချင်ပါ။ ကျွန်တော်ဘာကိုမျှမလိုချင်ပါ။ ဖြစ်နိုင်ရင် သူတို့ပေးသောထောက်ပံ့ကြေးမယူခဲ့ခင် အချိန်ထိ time machine နှင့်ပြန်သွားချင်မိသည်။
သူနှင့်လည်းမတွေ့ချင်။ သူ့ထောက်ပံ့ကြေးလည်းမလိုချင်။ သူ့ကိုလည်း လက်မထပ်ချင်။ အို ဖြစ်နိုင်ရင် သူမရှိတဲ့ကမ္ဘာမှာသာ မွေးဖွားလာချင်မိသည်။
အခုတော့ ဘာမှမလုပ်နိုင်တော့ဘူးလား။ လူတစ်ယောက်ကိုရဖို့ အချိန်ကာလနှစ်ရှည်လများ အစီအစဉ်ဆွဲကာ အပိုင်ရအောင်ယူခဲ့သော လူတစ်ယောက်ကို အထင်လည်းမကြီးနိုင်ပါ။ လေးစား၍လည်းမနေနိုင်ပါ။ အမြင်ကြည်ရအောင်လည်း သူ့ကိုကျွန်တော် ချစ်ခဲ့သည်မှမဟုတ်တာ။
သူကသာချစ်သည်ဟုဆိုပြီး ကျွန်တော့်ကိုထောင်ဖမ်းခဲ့တာ။
အခုတော့ ထောင်ဖမ်းသူက သူဖြစ်ပြီး ကျွန်တော်ကသာ နာမည်ဆိုးထွက်သွားခဲ့ရသည်။
ဒီနေ့တော့ ပိုင်းလုံးဖြစ်သွားသော ပြဇာတ်ကို သူနှင့်အတူတူနှစ်ပါးသွား ကပြရတော့မည်။ ကန့်လန်ကာ ကားလိပ်တင်သည်နှင့် ဘယ်သူက နစ်နာသူဟု သူတို့ထင်ပါမည်နည်း။
ESTÁS LEYENDO
တိမ်ဖုံးကောင်းကင် - တိမ်ဖုံးကောင်းကင် ( Completed )
Historia Cortaမသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြက်ထွေး' သွေးစိမ်းရှင်ရှင်ထွက်အောင်လုပ်မှရက်စက်တာမဟုတ်ပါဘူး အပြစ်မမြင်ဘူးဆိုတဲ့ ခင်ဗျားကမှ ရက်စက်တာ မဟုတ်သေးဘူး အရှင်လတ်လတ် သေစေတာ ' အေးဝေ ' ( Unicode ) မသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြ...
