For Zawgyi
2016 January 1
မင်္ဂလာနေ့ဟုသာပြောသည်။ လက်ခံလိုက်ကတည်းကနေ တစ်ပတ်သာခြားပြီး ပွဲကိုစီစဉ်လိုက်သည်။
ရုံးပိတ်ရက်ပေမဲ့ ကိုယ်တိုင်ကလူကြီးဖြစ်၍ အလုပ်ကိုမသွား၍မရ။ နှစ်ကုန်ဖြစ်၍ Boss က အသေကျပ်သည်။ Staff တွေကိုအလုပ်နားပေးထားပြီး လူကြီးပိုင်းတွေသာ အလုပ်တက်ရတော့ အတွင်းရေးမှူး ၁၂ယောက်လည်းမနားရ။
နှစ်ကုန်ရင် အိမ်ထောင်ရှင်ဖြစ်တော့မည့်ကျွန်တော်ကိုယ်တိုင်ကလည်း မင်္ဂလာပွဲကိုစိတ်မဝင်စား၍ အိမ်ကိုတစ်ချက်မှမပြန်။ စီစဉ်သမျှဝင်မပါ။
အမေကလည်း သူ့သားအကြောင်းအကုန်သိနေသူမို့ ဝတ်စုံဘာညာ အကုန်ကိုယ်တိုင်စီစဉ်နေပုံပင်။
နံ့သာရောင် ယောပုဆိုးနှင့်လည်ကတုံးလက်ရှည်နံ့သာရောင်ပိုးသားက လိုက်ဖက်နေပေသည်။ ဆောင်းတွင်းနှင့်မလိုက်ဖက်စွာ ကျွန်တော်ရင်တွေပူကာချွေးတွေပျံလှပြီ။
ပွဲက အလုပ်မှလူကြီးပိုင်းတွေသာဖိတ်ထား၍ သိပ်ဆူဆူညံညံမရှိလှ။ တစ်ခါမှမရောက်ဖူးသော Boss ၏နေအိမ်ဟုဆိုသော နှစ်ထပ်အိမ်ကြီးက လူစည်ကားနေ၍သာ။ မဟုတ်လျှင် မည်မျှလောက် ပျင်းစရာကောင်းလိမ့်မည်မသိ။
အာရုံဆွမ်းကပ်မည်ဆို၍ မနက်စောစောကတည်းက ရောက်နေခဲ့ရသော ကျွန်တော်နှင့် ကျွန်တော့မိသားစု Boss အမေနှင့်အဖေသာ ဆွမ်းကပ်လိုက်ရသည်။ ထိုBoss က အဘယ်မှာနည်း။
မနက် ၉နာရီမှာ ဧည့်သည်တွေက တစ်ဖွဲဖွဲရောက်လာပြီ။ ကျွန်တော့်မှာ ပြုံးပြရမလို ငိုမိတော့မလို။
အမေနှင့်ညီမလေးတို့ကတော့ အစစ လိုက်လံပြင်ဆင်ကူညီနေပေမဲ့ Boss မိဘတွေက သိပ်မျက်နှာမကောင်းချင်ကြပေ။ ပြုံးနေပေမဲ့ ဘယ်လိုပြောရပ။
၁၁နာရီတွင် ရှေ့နေကြီးက ဧည့်ပရိတ်သက်ရှေ့၌ လက်ထပ်စာချုပ်ပါ အချက်အလက်များကို ဖတ်ပြသည်။
ВЫ ЧИТАЕТЕ
တိမ်ဖုံးကောင်းကင် - တိမ်ဖုံးကောင်းကင် ( Completed )
Короткий рассказမသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြက်ထွေး' သွေးစိမ်းရှင်ရှင်ထွက်အောင်လုပ်မှရက်စက်တာမဟုတ်ပါဘူး အပြစ်မမြင်ဘူးဆိုတဲ့ ခင်ဗျားကမှ ရက်စက်တာ မဟုတ်သေးဘူး အရှင်လတ်လတ် သေစေတာ ' အေးဝေ ' ( Unicode ) မသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြ...
