အခန်း ၁၆။ ပျံသန်းခွင့်
10.2K 1K 22
Zawgyi
အိမ်​ကို​ရောက်​​တော့ ၆နာရီထိုးပြီမို့ အခန်းဆီပြန်​ကာ ​ရေအရင်​ချိုးလိုက်​သည်​။ ညစာစားဖို့ ဆင်းလာ​တော့ ကြီးကြီး​မေက အဆင်​သင့်​ပြင်​​ပေးပြီး​နေပြီ။
" ကြီး​မေ ​နောက်​ဆို စားပွဲကြီးကျိုးကျ​လောက်​​အောင်​ မပြင်​ပါနဲ့ စားမဲ့သူက ကျွန်​​တော်​တစ်​​ယောက်​တည်းရယ်​ ကုန်​တာလည်း မဟုတ်​ဘူး "
" အင်းပါ ​မောင်​ငြိမ်းရယ်​ ကြီး​မေက အကျင့်​ပါ​နေလို့ပါ "
" ဟုတ်​ကဲ့ပါ ဟုတ်​ကဲ့ပါ ကြီး​မေ​ရော စားပြီးပြီလား "
" အင်း သားစားပြီး တင်​ထားခဲ့ ကြီး​မေပြန်​လာသိမ်းမယ်​ "
" ဟုတ်​ကဲ့ "
တစ်​ပန်းကန်​​သာသာ ​လေးကိုအရသာမရှိစွာစားပြီး​နောက်​မှာ ​သြော်​ ကြီး​မေလည်း အသက်​ကြီးလို့ ဆားထည့်​ဖို့​မေ့ခဲ့တယ်​ထင်​တယ်​ ဟု​တွေးမိလိုက်​သည်​။ လူငယ်​ပဲ အစားဂျီးများဖို့ မသင့်​ဟု​တွေးကာ ဘာမှမ​ပြော​တော့ပဲ စားလိုက်​သည်​။
တစ်​ပန်းကန်​မကုန်​ခင်​ ဗိုက်​ပြည့်​သလိုခံစားရ၍ ထမင်းစားရပ်​ကာ အသီးပန်းကန်​ကိုင်​ရင်း စာကြည့်​ခန်းဆီ ထွက်​လာလိုက်​သည်​။ စာကြည့်​ခန်းသည်​ သူရှိစဉ်​ကလို ​နွေး​ထွေးမြဲ။ စာအုပ်​များ၏ အနံ့များက သူ့ကို ပင်​ပန်းသမျှ ​လျော့ကျ​စေသည်​ဟု ခံစားရ၍ သူပင်​ပန်းလာတိုင်း စာကြည့်​ခန်းတွင်​ လာထိုင်​တတ်​သည်​က အကျင့်​တစ်​ခုလိုဖြစ်​​နေပြီ။
အသီးပန်းကန်​ထဲမှ လိ​မ္မော်​သီးတစ်​စိတ်​ကို ​ကောက်​ယူဝါးရင်း ​ည​နေက mail အ​ကြောင်းက ​ခေါင်းထဲ ​ရောက်​လာသည်​။ လိမ္မော်သီးတွေလည်းမချိုတော့ဘူး။
ဘာလို့ ပြန်​မလာ​သေးတာလဲဟင်​။ ကျွန်​​တော့ဆီ ပြန်​လာပါ့မယ်​ဆို။ ကျွန်​​တော့ကိုမြင်​ချင်​လို့ ခွဲစိတ်​ချင်​တယ်​လို့ ​ပြောခဲ့တယ်​မဟုတ်​ဘူးလား။ ချစ်​ပါတယ်​လို့​ပြောခဲ့တယ်​မဟုတ်​ဘူးလား။
ဒါဆိုဘာလို့ ကျွန်​​တော့ဆီ မြန်​မြန်​ပြန်​မလာရတာလဲ။ ခင်​ဗျားရဲ့ သက်​ဝင်​လှုပ်​ရှား​နေတဲ့ မျက်​ဝန်း​တွေ မြင်​ချင်​လှပြီဆိုတာ မသိဘူးလားဗျာ။ ပြုံးရယ်​​နေတဲ့ ပါးချိုင့်​​လေး​တွေမှာ ခိုဝင်​နားချင်​​နေပြီ။