အခန်း ၂၁။ ​ကြေကွဲစရာ
10.4K 1K 17
Zawgyi
" 🎵မျက်​နှာချင်းဆိုင်​လမ်းမှာ​တွေ့တာ ​ရှောင်​လွှဲစရာလမ်းမ ကျဉ်း​မြောင်းလွန်းပြီ​လေ ​နေ​ရောင်​ကွယ်​​နေ့ ကြယ်​​ရောင်​​ပျောက်​ည အတိတ်​ကဇာတ်​လမ်း နာကျင်​​နေလဲ ​ရှောင်​လွှဲဖို့ခက်​ခဲ 🎵"
ဒီ​က​နေ့ အလုပ်​မသွားရတဲ့ duty off တဲ့အတွက်​ အိမ်​အတွက်​လိုအပ်​တာ​တွေရှိမလားဆိုပြီး ကုန်​တိုက်​ထဲ တစ်​​ယောက်​တည်း ထွက်​ပြီး ပတ်​​နေခြင်းဖြစ်​သည်​။
စာအုပ်​ဆိုင်​ဘက်​​တွေ​ရောက်​​တော့ မျက်​စိ​ရှေ့​ရောက်​လာမိသည်​က LGBT စာအုပ်​စင်​။ လွန်​ခဲ့​သော ၂နှစ်​ကလို စာအုပ်​​တွေကို ရှာ​ဖွေရမခက်​​တော့ဘူး​ပေါ့လို့ ​တွေးမိရင်း လက်​ကအလိုလို​ရောက်​သည်​။
ကျွန်​​တော်​တစ်​ခါမှမဖတ်​ဖူးတဲ့ စာ​ပေ​တွေဟာ အ​ရောင်​အ​သွေး​တွေက အစ တစ်​မျိုးဆန်းပြား​နေသည်​။ သာမန်​စာ​ပေ​တွေလို ပန်းချီကားဆန်းဆန်း​တွေ၊ စိတ္တဇပန်းချီ​တွေ၊ ​ကောင်​မ​လေးလှလှပုံ​လေး​တွေမရှိပါဘူး။ ရှုခင်းလှလှ​တွေ၊ စာအုပ်​ထဲက စာသားတစ်​ချို့တစ်​​လေ ​ရေးသားထားတဲ့ မြင်​ကွင်းရှင်းရှင်းစာအုပ်​​လေး​တွေ။
ကျွန်​​တော်​​ရော ဖတ်​ကြည့်ဖို့ ဝယ်​သွားရမလား။ ဘယ်​တစ်​အုပ်​ စဖတ်​ကြည့်​ရ​ကောင်းမလဲ ​တွေး​နေရင်း လက်​က စာအုပ်​စင်​တစ်​​လျှောက်​ ဟိုထိ ဒီတိုက်​။
" ဦး "
အနားက​နေ က​လေးမ​လေးတစ်​​ယောက်​က ​ခေါ်သံကြား​တော့ လှည့်​ကြည့်​မိ​တော့ ပြုံးကြည့်​​နေတဲ့ ဆယ်​​ကျော်​သက်​​လေး။
" ကိုယ့်​ကို​ခေါ်တာလား "
" ဟုတ်​ "
" ဘာလို့လဲ "
" ဦးမ​ရွေးတတ်​ရင်​ သမီး ​ရွေး​ပေးမလို့ "
" ဟင်​ "
သူမ​လေးကြည့်​ရတာ ကျွန်​​တော့်​ကို ​လှောင်​ချင်​တဲ့စိတ်​မျိုး​တော့ မ​တွေ့ရ။ သို့​ပေမဲ့ အသက်​ ၂ဆ​လောက်​ငယ်​တဲ့ က​လေးတစ်​​ယောက်​က ပြုံးပြုံးကြီး လာကြည့်​​နေတာ​တော့ ​နေရခက်​လှသည်​။
" ဒါ​လေးဖတ်​ကြည့်​ပါလား ဦး "
" Expect ဘာလဲ ​မျှော်​လင့်​ချက်​တဲ့လား "
" ဒါက တတိယအကြိမ်​ထုတ်​တာ​လေ ဦးအခုမှ စဖတ်​မယ်​ဆို အဲ့ဒါ​လေးဖတ်​ကြည့်​ "