အခန်း ၂၉။ မင်း​လေးကိုချစ်​လို့
12.8K 1K 19
Zawgyi
ကိုယ်​လိုချင်​တာကို ပိုင်​ဆိုင်​ရတဲ့အခါ အရမ်းဝမ်းသာကြတယ်​။
သူကိုယ့်​နားရှိချိန်​ တန်​ဖိုးမထားခဲ့ပဲ မ​နေနိုင်​​တော့တဲ့အချိန်​ကျမှ ကိုယ်​ဟာ သူ့ကိုလိုအပ်​လာတာဟာ အတ္တတစ်​ခု​ကြောင့်​လား။ ချစ်​လို့လား။
အတ္တ​ကြောင့်​ဖြစ်​​စေ အချစ်​​ကြောင့်​ဖြစ်​​စေ သူ့ကိုပိုင်​ဆိုင်​ချင်​ကြတာ လူသားတိုင်းရဲ့ဆန္ဒပါပဲ။
ကျွန်​​တော်​ကိုယ်​တိုင်​က​ရော သူ့ကို မပိုင်​ဆိုင်​ချင်​ဘူးလို့ ​ပြောရင်​ လိမ်​ရာကျမှာ​ပေါ့။
ဒါ​ပေမဲ့ ကိုယ့်​လက်​ထဲ မ​ပျော်​ဘူးထင်​မိရင်​ ​မွေးထားမိတဲ့ ငါးက​လေးဆိုရင်​​တောင်​ ပင်​လယ်​ထဲ ပြန်​လွှတ်​လိုက်​ဖို့ ဝန်​မ​လေးပါဘူး​လေ။
........
.........
..........
" သမီး​လေး​မွှေးကြူက အ​ထွေးရဲ့သမီးလို့ ဘာလို့ ထင်​လိုက်​တာလဲ ငါ့​မောင်​ရယ်​ "
ပြုံးစစနဲ့ ​ဒေါက်​တာထားခင်​ဟာ အသက်​ကြီးသည်​ဟု မထင်​ရက်​ရ​လောက်​​အောင်​ လှပ​ကျော့ရှင်း​နေဆဲ။
" ကျွန်​​တော်​လက်​ခံနိုင်​စရာ အ​ကြောင်း​တွေပဲ ကျွန်​​တော်​ရရှိထားခဲ့တာပဲ​လေ ဒါကျွန်​​တော့အပြစ်​မှမဟုတ်​တာ ​ဒေါက်​တာရယ်​ "
ခြံ​ရှေ့ ပန်းခင်းထဲ က​လေးထိန်း​နေ​သော ကိုကိုနဲ့ က​လေး​လေး ​မွှေးကြူ ဆီ မျက်​လုံးမခွာပဲ ​ဒေါက်​တာ့အ​မေးကို ​အ​မေးနဲ့ပဲ ပြန်​​ဖြေမိသည်​။
" အဲ့ဒါက​တော့ မမတို့လည်း အပြစ်​မကင်းပါဘူး "
" ကျွန်​​တော်​အကုန်​သိချင်​ပါတယ်​ ​ဒေါက်​တာ.. ဒါ​ပေမဲ့ .. သူကလုံးဝပြန်​​ဖြေမှာမဟုတ်​ဘူး "
သက်​ပြင်းဖွဖွတစ်​ခုကို ချကာ ပြုံးရယ်​​နေ​သော  သူ့မျက်​နှာဆီသာ အကြည့်​ကတစ်​ချက်​မလွဲမ​သွေ။
" အ​ထွေးဟာ ငါ့​မောင့်​ကို အရမ်းချစ်​ရှာတာပါ "
ထိုစကားတစ်​ခွန်းကို ကာယကံရှင်​ထံမှ ကြားချင်​ပါ​သော်​ငြား အခုလို ​ဒေါက်​တာ့ဆီက ကြားရချိန်​မှာလည်း မျက်​နှာပြင်​က ပူ​နွေးရသည်​။