အပိုင်း ၁၉။ တိုးတိတ်​တမ်းတ
10.3K 1K 8
Zawgyi
ပြန်​​ရောက်​ကတည်းက အခန်းထဲထိုင်​​နေတာ ၂နာရီ​လောက်​ရှိ​နေပြီ။ ဘာမှစဉ်းစားလို့မရ​အောင်​ လူကထူပူ​နေသည်​။ ဟုတ်​သည်​။ သူမှသူအစစ်​ပါ။ မမြင်​တာကြာလို့​မေ့သွားရင်​​တောင်​ သူ့ကို​တော့တစ်​သက်​​မေ့မှာမဟုတ်​။
သူ့ကိုတစ်​ခါမှ ပြုံးမပြဖူး​သော ပါးချိုင့်​နက်​နက်​အပြုံးချိုချို​တွေကို သူမှတ်​မိတာ​ပေါ့။ ဒါဆို သူပြန်​​ရောက်​​နေတာလား။ သူကျွန်​​တော့ဆီပြန်​လာတာလား။
ဆေးခန်း​ရှေ့မှာဆို​တော့ ​ဆေးခန်းလာပြတာလား။ အသိတစ်​​ယောက်​ဆီလာတာလား။ ရုတ်​တရက်​ မ​မျှော်​လင့်​ပဲ ​တွေ့လိုက်​ရ​တော့ လူကshock ရကာ​  ​နေရာမှ ​ခြေတစ်​လှမ်းမ​ရွေ့ဖြစ်​တာ အခုမှ ​နောင်​တရ​နေပါရဲ့​လေ။
သူ ကျွန်​​တော့်​ဆီပြန်​လာတာလို့ ကျွန်​​တော်​ယူဆလိုက်​လိုရမလား။ ဒါမှမဟုတ်​ ​ဒေါက်​တာထားခင်​နဲ့ အိမ်​​ထောင်​ပြုလိုက်​ပြီလား။ မြန်​မာပြည်​ အလည်​ပြန်​လာတာလား။
ကား​ပေါ်​​ရှေ့ခန်းဝင်​ထိုင်​​ပေမဲ့ ​မောင်းသူ​နေရာမဟုတ်​တာ​သေချာ​တော့ ​ကား​မောင်းလာတာ ​ဒေါက်​တာလား။
၃နှစ်​ဆို​တော့ သူလိုချင်​တဲ့ မိသားစု​လေး​တွေပဲ ရှိ​နေပြီလား။
အ​တွေး​တွေက များလာလိုက်​တာ ရင်​ဘတ်​ကအသက်​ရှူမဝသလိုဖြစ်​လာသည်​။
ဆေးခန်းက​ဆေးစစ်​ချက်​​တွေနဲ့ ဆရာ့မှာကြားတာ​တွေကို အိမ်​ကိုအသိ​ပေးရဦးမည်​။ ​ဆေးရုံတက်​ရဖို့ များ​နေတယ်​လို့ ကိုယ့်​ဘာသာကြိုသိ​နေတာကလည်း ခက်​သားလား။
မေ​မေ​တော့ ငိုဦးမည်​ထင်​သည်​။
-------------------------------------------------------
" သားကြီး ဘာလုပ်​​နေတာလဲ "
" ​ဆား​ပေါ့သလားလို့ "
" ​မေ​မေမြည်းထားပြီးသားပါ သားရယ်​ ပြစမ်း ​မေ​မေ့ကို "
ဟင်းပန်​ကန်​ထဲ ဆား​တွေ ခပ်​ထည့်​​နေတာ မြင်​​တောင်​မ​ကောင်းပါ။
မြည်းကြည့်​​တော့ ငန်​တူး​နေသည်​။
" ဘယ်​မှာ​ပေါ့လို့လဲ သားရယ်​ ငန်​တူး​နေပြီ ဒီခွက်​မစားနဲ့​တော့ ​မေ​မေအသစ်​ခူး​ပေးမယ်​ "
" မဟုတ်​တာ သားပါးစပ်​နဲ့အ​နေ​တော်​ပါပဲ "
" ​မေ​မေ​ပြောတာ နား​ထောင်​စမ်း "
" .... "
" သား အရသာ​တွေပျက်​​နေတာလား "
" ဒီတိုင်း နည်းနည်းပါးပါးပါ ပျက်​တဲ့ထိမဟုတ်​ပါဘူး​မေ​မေရဲ့ "