Zawgyi
" သားကြီး မေမေတို့ အိမ်ခဏပြန်လိုက်ဦးမယ် ညစာလေးပြန်ယူချင်လို့ ဒီက canteen ကမစားချင်လောက်ဘူးမလား "
" ပင်ပန်းခံလို့မေမေရာ ကျွန်တော်အဆင်ပြေပါတယ် ရောဂါသည်ကြီးတစ်ယောက်လို မဆက်ဆံပါနဲ့လား "
" မဟုတ်တာ သားအားရှိနေဖို့လိုတာကို အခုတောင်လူက ပိုးဟပ်ဖြူလို ဖြစ်နေပြီ အရပ်ရှည်တော့ သိပ်သိသာတာပဲ သားကြီး မင်းမပြောလည်း မင်းမောမောနေတာ မေမေရိပ်မိပါတယ် "
သူမျက်လုံးလေးသာ မော့ကြည့်မိသည်။ ဟုတ်ပါသည်လေ။ အမေဆိုတာ သားသမီး ဘာဖြစ်နေလဲ မျက်နှာတစ်ချက် ကြည့်တာနဲ့ သိတာကို။ သူမေ့နေခဲ့မိသည်။
ူသူ့ကိုစိတ်ပူနေမည့်သူများကို သူမေ့ထားမိခဲ့ခြင်း။
ကိုယ်သာ အပူပင်ရဆုံးလူသားလို့ ခပ်တည်တည် သတ်မှတ်ခဲ့ဖူးသည်။
မာတာမိခင်နှင့်မိသားစုကို မေ့လျော့နေခဲ့မိတာကို ယခုမှ အပြစ်သားတစ်ယောက်လို မလုံမလဲ။
" မေမေ ကျွန်တော်လေ သူ့ကိုပြန်တွေ့ခဲ့တယ် "
" သူ့ကို ???? "
" ဦးထွေးလေ ဦးသင့်မြက်ထွေး "
" မောင်မြက်ထွေး ကို ဘယ်မှာပြန်တွေ့ခဲ့တာလဲ "
မေမေ့မျက်ဝန်းတွေမှာ အပြစ်မကင်းသော တစ်စိုးတစ်စိတွေ့ရပေမဲ့ သူဟာ ခုထက်ထိ လူ့ကဲမခတ်တတ်သေးသော လူ့ပေါက်စလေးလို ဘာမှမတွေ့နိုင်။
" သူ မြန်မာပြည် ပြန်ရောက်နေတယ် "
" သူနေကောင်းရဲ့လား သားကြီး ဘယ်လိုနေလဲ "
" မျက်လုံးတွေ ပြန်မြင်နေရပြီ မေမေ ဒါပေမဲ့ နားကြားကိရိယာတပ်ထားခဲ့တာ ကျွန်တော်တွေ့ခဲ့တယ် ခွဲစိတ်မှုက တစ်ခုခု ချွတ်ယွင်းသွားခဲ့ပုံပဲ "
" အင်းးးးး တစ်ခုကောင်း တစ်ခုပျက်ဆိုသလိုပေါ့ သူ့မိသားစုရော ပါလား "
STAI LEGGENDO
တိမ်ဖုံးကောင်းကင် - တိမ်ဖုံးကောင်းကင် ( Completed )
Storie breviမသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြက်ထွေး' သွေးစိမ်းရှင်ရှင်ထွက်အောင်လုပ်မှရက်စက်တာမဟုတ်ပါဘူး အပြစ်မမြင်ဘူးဆိုတဲ့ ခင်ဗျားကမှ ရက်စက်တာ မဟုတ်သေးဘူး အရှင်လတ်လတ် သေစေတာ ' အေးဝေ ' ( Unicode ) မသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြ...
