အခန်း ၁၄။ တရားခှင်
10.2K 1K 6
Zawgyi
သူမရှိ​တဲ့ ​နေ့ရက်​​တွေဟာ အင်​မတန်​ ဖြတ်​သန်းရခက်​ပါသည်​။
သူ့အခန်းက ရ​နေကြ အနံ့သင်းသင်း​တွေ​ကြောင့်​ သူဟာ ပန်း​တွေကြိုက်​​လောက်​မယ်​ထင်​မိသည်​။ အနံ့သင်းသင်းရတဲ့ ပန်းမျိုး​ပေါ့။
သူ့ကိုလွမ်းရတာဟာ ကျွန်​​တော့်​အတွက်​ ဝါသနာ​တွေတစ်​ခုပြီးတစ်​ခုတိုးလာ​စေသည်​။
သူ့ကိုပြန်​​တွေ့ရတဲ့အခါ ကျွန်​​တော်​ဘယ်​​လောက်​ အလုပ်​ကြိုးစားထား​ကြောင်း ​ပြောချင်​၍ ရှိသမျှ အစီရင်​ခံစာ အကုန်​ အလွတ်​ရလုနီးပါးဖတ်​လာတတ်သည်​။
ညညဆို သူ့ကို ပုံပြင်​​ပြောပြချင်​လွန်းလို့ ပုံပြင်​ဖန်​တီးလို့ရမဲ့ စာအုပ်​မျိုးစုံ ယူဖတ်​ဖြစ်​လာသည်​။
သူပြန်​လာရင်​ ပန်း​လေး​တွေ လှပ​နေတာမြင်​​စေချင်​လွန်းလို့ ပန်း​တွေကို ကိုယ်​တိုင်​​ရေ​လောင်း​ပေါင်းသင်​သည်​။
ပိန်​လွန်းတယ်​​ပြောမှာစိုးလို့ အစားများများစားရလွန်းလို့ ဗိုက်​က​လေး​တောင်​ပူချင်​လာသလို။
ဘာဖြစ်​ဖြစ်​ သူဟာ ကျွန်​​တော့်​ကိုမြင်​ရင်​ ပြန်​ချစ်​မိမလားဆိုတာ​လေး ​မျှော်​လင့်​ချက်​ပိစိ​လေး​နဲ့ အစစ တတ်​နိုင်​တာ အကုန်​ကြိုးစားဖြစ်​သည်​။
အလုပ်​မှာလည်း အမြင်​မကြည်​တာ သိပ်​မရှိကြ​တော့သ​လောက်​ ကျွန်​​တော်​ကြိုးစားသမျှအရာထင်​လာသည်​။ အရင်​လို အတင်းအဖျင်းလည်း သိပ်​မကြားရ​တော့။ ​လေးစား​သောအကြည့်​များပင်​ ခံစားရသလိုလို။ ဒါဟာ ကျွန်​​တော့ဘက်​က မှန်​​နေလို့​ပေါ့​နော်​။
ဟုတ်​သား ကျွန်​​တော်​ဟာ မှားခဲ့တာပဲ။ ဘာလုပ်​လုပ်​ အရာမထင်​ဘူးလို့ အဆိုးမြင်​ခဲ့​တော့ အရာရာ ​လူတစ်​​ယောက်​နဲ့မတူ​အောင်​ကို မလုပ်​သင့်တာ​တွေ လုပ်​ခဲ့တာ​တွေအများကြီး။
အခု​တော့ အချစ်​ကသင်​​ပေးလိုက်​သလိုပင်​။ အရာရာ အ​ကောင်းမြင်​လာသည်​။ လက်​နက်​ချီလာသူကိုပင်​ အပြုံးမပျက်​​တော့။