Zawgyi
" 🎵အခန်းလေးလည်း ရှင်းလို့ထားတယ် မင်းစိတ်ကြိုက်ဘယ်အချိန်မဆို လှမ်းကြည့်နိုင်တယ် တံခါးလေးလည်း ဖွင့်ဟ ထားတယ် မင်းစိတ်ကြိုက် ဘယ်အချိန်မဆို မှေးစက်နိုင်တယ် 🎵 "
တံခါးမှတဆင့်ကြားနေရသော သီချင်းသံတိုးသဲ့သဲ့ကြောင့် တံခါးခေါက်လိုက်ရမလို လှည့်ပြန်သွားရမလိုနှင့် လရောင်အေးတစ်ယောက်ဝေခွဲ၍မရ။
ထိုစဉ် အနားကို တိုးကပ်လာသော ညီမဖြစ်သူက
" ကိုကြီးရော မမ ဘာလုပ်နေတာလဲ မလာသေးဘူးလား "
" ရှူးးး ကိုကြီး သီချင်းဆိုနေတယ်ဟ "
" အယ် တကယ်လား တကယ်လား"ဆိုကာ အနားတိုးကပ်လာတော့ ညီအစ်မ၂ယောက်သား တံခါးမှာ ပြားပြားလေးကို ဝပ်လို့ ။
မနက်စောစောမှာ ခပ်ဆွေးဆွေး အသံနှင့်အတူ ဂီတာသံ တိုးဖျော့ဖျော့။ လတစ်လရဲ့ နောက်ဆုံးရက်တိုင်းမှာ သူမတို့အစ်ကိုဟာ မရိုးနိုင်စရာ ဒီသီချင်းတစ်ပုဒ်ကို တီးတတ်သည်။ ခပ်ကျယ်ကျယ်မဟုတ်ပဲ တိုးသဲ့သဲ့နှင့်။ ၃နှစ်လုံးလုံး မပျက်မကွက်။
" 🎵လိုချင်နေမိ နင်ပြန်လာချိန်လေး ယုံကြည်နေမိ ဖြစ်ပျက်ခဲ့သမျှ တောင်းပန်မယ် ပြန်မျှော်နေမိ နင်ခိုဝင်ချိန်လေး 🎵 "
အဆုံးသတ် တိမ်ဝင်သွားတဲ့ အသံဟာ ဒီအချိန်ဆို ဘာဖြစ်နေပြီမှန်း ညီအစ်မနှစ်ယောက်လုံး သိလိုက်သည်။
သူမလေးတို့အစ်ကိုဟာ ထိုရှောင်ပြေးသွားသည့်သူကို စောင့်နေတုန်းလား။ စာမလာအကြောင်းမကြားခဲ့သော ထိုသူဟာ သူမလေးတို့ အစ်ကိုဖြစ်သူအား ဆက်ခံသူလွှဲစာနှင့် ကွာရှင်းစာချုပ်ကိုသာ ပို့ပေးသွားပြီး လူကတော့ ခြေရာလုံးလုံးဖျောက်သွားခဲ့သည်။
ထိုမိသားစုနှင့်မပတ်သက်မဆက်နွှယ်တော့ပဲ ဝါသနာပါရာ ဆရာဝန်အလုပ်ကိုပြန်လုပ်ခွင့်ရခဲ့တာတောင်မှ သူမလေးတို့အစ်ကိုဖြစ်သူဟာ ဟက်ဟက်ပက်ပက် ရယ်မောနေခဲ့သော သူမတို့အစ်ကိုမဟုတ်နိုင်တော့။
ВЫ ЧИТАЕТЕ
တိမ်ဖုံးကောင်းကင် - တိမ်ဖုံးကောင်းကင် ( Completed )
Короткий рассказမသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြက်ထွေး' သွေးစိမ်းရှင်ရှင်ထွက်အောင်လုပ်မှရက်စက်တာမဟုတ်ပါဘူး အပြစ်မမြင်ဘူးဆိုတဲ့ ခင်ဗျားကမှ ရက်စက်တာ မဟုတ်သေးဘူး အရှင်လတ်လတ် သေစေတာ ' အေးဝေ ' ( Unicode ) မသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြ...