အခန်း ၂၃။ ကြုံရဆုံရခွဲရခွာရ
10.8K 1K 4
Zawgyi
" ​ဒေါက်​တာ ​နေမြန်​မြန်​​ကောင်းပါ​စေ​နော်​ "
" ဟုတ်​တယ်​ ​ဒေါက်​တာ ​နေမြန်​မြန်​​ကောင်းပြီး သားတို့ကို ပြန်​လာကြည့်ရမယ်​​နော်​ "
" ​အေးပါကွာ မင်းတို့ကလည်း ​ဒေါက်​တာကြီးတို့ ​ဒေါက်​တာပန်​သုတို့ စကားနား​ထောင်​ပါကွ... မှာတာ​တွေ မ​မေ့နဲ့... ​ဆေးကိုအချိန်​မှန်​​သောက်​ကြ.... အ​ဆောင်​​ရှေ့က ပန်းအိုးထဲ ပစ်​မထည့်​ရဘူး​နော်​ "
က​လေးကုသ​ဆောင်​ထဲမှာ ​ဝေစည်​​နေတာက​တော့ ​ဒေါက်​တာ​အေး​ဝေနှင့်​ သူ၏က​လေးလူနာများ။ က​လေး​တွေက တခြားသူ​ပြောရင်​ မ​ကြောက်​ကြ။ ​ဒေါက်​တာ​အေး​ဝေဆို အားလုံး တစ်​ခွန်းတည်းငြိမ်​။ ထိုမျှထိ ချစ်​ကြသည်​။
ယခု သူတို့ချစ်​​သော ဆရာဝန်​​လေး ​ဒေါက်​တာ​အေး​ဝေတစ်​​ယောက်​ ​ဆေးခွင့်​ယူသွား​လေ​တော့ ​နေမြန်​မြန်​​ကောင်းပါ​စေ​ကြောင်း ဆု​တောင်း​ပေး​နေကြသည်​။
ward ထဲကထွက်​လာပြီး နား​နေ​ဆောင်​ထဲမှာ ဆရာဝန်​​တွေ စု​နေကြသည်​။ လူနာကြည့်​ချိန်​လည်းမဟုတ်​တာမို့ အားလုံးနီးပါး​ရောက်​​နေကြ​တော့ သူတို့အားလုံးရဲ့ အကြည့်​​တွေက ကျွန်​​တော့်​ထံပါးမှာ။
ဒီနယ်​​မြေဟာ ကျွန်​​တော့ရဲ့ ရပ်​ဝန်း​လေး။ ကျွန်​​တော်​ဘယ်​လိုအ​ခြေအ​နေကလာတယ်​ဆိုတာ သူတို့အားလုံးက သိထားကြသလို နားလည်​လက်​ခံ​ပေးကြ​သော ကျွန်​​တော့ရဲ့အသိုင်းအဝိုင်း။
သူတို့ဟာ ကျွန်​​တော့ရဲ့ ဒုတိယ မိသားစု​လေးတစ်​ခု။
" ​ဒေါက်​တာက အမြဲ ဖြတ်​လတ်​တက်​ကြွ​နေ​တော့ ​ရောဂါရှိမှန်း​တောင်​မသိဘူးရယ်​ "
" ဟုတ်​ပဗျာ ဆရာ​အေး​ဝေတို့များ သူ့လူနာ​တွေနဲ့ လုံးပန်း​နေတာ ​နေ့စဉ်​နဲ့အမျှ မြင်​​နေရ​တော့ ဘယ်​လိုမှကိုမထင်​ထားဘူး "
" ဒါနဲ့ သမား​တော်​ကြီးက ဘာ​ပြော​သေးလဲ ဆရာရဲ့ "
" ကုသလို့ရတဲ့အ​ခြေအ​နေမှာ ရှိတယ်​တဲ့ .... စိတ်​မပူကြပါနဲ့ဗျာ.... အားလုံးမြင်​တဲ့အတိုင်း ကျွန်​​တော်​ကျန်းမာ​နေပါတယ်​​လေ "