အခန်း ၂၂။ လွမ်း
11.1K 1K 10
Zawgyi
" နွားနို့တစ်​ခွက်​ Black coffee တစ်​ခွက်​ ပူတင်းတစ်​ပွဲ ​ပေါက်​စီတစ်​ပွဲ "
စာပွဲထိုး​လေးကို မှာ​နေတဲ့ သူ့ကို ကျွန်​​တော်​ဟာ မျက်​​တောင်​​လေး တစ်​ချက်​ခတ်​မိရင်​ ​ပျောက်​ကွယ်​သွား​တော့မည်​ကို စိုးရိမ်​သလို ကြည့်​​နေမိသည်​။ ကြည်​လဲ့​နေတဲ့ မျက်​လုံး​တွေ။ ကျွန်​​တော့ကို ကြည့်​ပါ​တော့လား။ ​နေပါဦး နားမှာ တပ်​ထားတာ​လေးက.....
" ဘယ်​တုန်းကပြန်​​ရောက်​တာလဲ "
" တစ်​လ​လောက်​​တော့ရှိပြီ "
" ​သြော်​ ပြန်​လာ​သေး​တယ်​​နော်​ "
" အင်း ပြန်​လာရတာ​ပေါ့ "
အရင်​ကလိုမျိုးသာဆိုရင်​ ပြန်​လာတယ်​ဆိုတာ ကျွန်​​တော့အတွက်​လို့ ကျွန်​​တော်​​တွေး​နေမိမှာ။ ဒါ​ပေမဲ့ ဒါဟာ ​ဆောင်းအိပ်​မက်​တစ်​ခုအပြင်​ မပိုဘူးဆိုတာ ကျွန်​​တော်​က သိထားနှင့်​ပြီ​လေ။ ဘာလို့များ ​နေမြင့်​​လေ အရူးရင့်​​လေ ဖြစ်​ရပ်​မျိုး ဖန်​တီး​နေဦးမှာလဲ။
" ဘာလို့လဲ "
ဘာလို့​မေးလိုက်​မိမှန်းမသိတဲ့ ဒီပါးစပ်​ကို ကိုယ့်​ဘာသာ ဖြတ်​ရိုက်​ချင်​မိသည်​။
" တိုးချဲ့အလုပ်​​တွေ ရပ်​ပစ်​လိုက်​တယ်​​လေ၊ ဂျပန်​က ရာသီဥတုက​အေး​တော့ ကျန်းမာ​ရေးအရ အဆင်​မ​ပြေဘူး၊ အ​ဖေနဲ့အ​မေတို့ဆီ သွား​နေဖို့ကျ​တော့လည်း အ​ဖေ​ရောအ​မေ​ရောက caring center မှာဖြစ်​လို့ မရပြန်​ဘူးရယ်​၊ ပြီး​တော့ MYAK Trading က ကိုယ့်​လက်​​အောက်​ပြန်​​ရောက်​​နေ​တော့ မထူး​တော့ဘူးဆိုပြီး မြန်​မာကိုပြန်​လာခဲ့တာ "
" အဆင်​​ပြေတယ်​မလား "
" ​ပြေတာ​ပေါ့ "
ဒါ​ပေါ့​လေ။ သာယာကြည်​နူးဖွယ်​ မိသားစု​လေးတစ်​ခု ပိုင်​ဆိုင်​ထားရမှ​တော့ ဘယ်​မ​ပျော်​ပဲ ရှိပါ့မလဲ။
သူမျက်​လုံး​တွေက စားပွဲ​ပေါ်တင်​ထားတဲ့ ​လော​လောလတ်​လတ်​စာအုပ်​​လေးကို​တွေ့သွားတယ်​ထင်​ပါရဲ့။
" စာအုပ်​ဝယ်​လာတာလား "
" အင်း "
" ဘာ အ​ကြောင်းအရာလဲ ​ဆေးဝါး လား "