For Unicode
2013 March 28
MYAK TRADING COMPANY
General Manager Room
" ကျွန်တော်က အလုပ်ဝင်တာ ၁လပဲရှိသေးတာလေ ဘာလို့ ရာထူးတိုးရတာလဲ "
" ဒါက GM ရဲ့ လုပ်ရည်ကိုင်ရည်စွမ်းဆောင်မှုကြောင့်လို့ပြောပါတယ်ခင်ဗျာ "
" ကိုအောင်မောင်း ဒီအလုပ်မှာ သူဋ္ဌေးအတွင်းရေးမှူးဖြစ်တာ ဘယ်လောက်ကြာပြီလဲ "
" ၄နှစ်ပါခင်ဗျာ "
" အတွင်းရေးမှူးဋ္ဌာနမှာ လူဘယ်နှစ်ယောက်ရှိလဲဗျ "
" အားလုံးပေါင်း ၁၂ယောက်ပါ "
" Boss က အလုပ်ရောလုပ်ရဲ့လားပြောသာပြောတာ ကိုအောင်မောင်းတို့ အားလုံး Boss ကိုရော မြင်ဖူးရဲ့လား "
" Boss က အကုန်လုံးကို တိုက်ရိုက်ညွှန်ကြားတာပါ "
" ဒါပေမဲ့ တစ်ခါမှ လူလုံးထွက်မပြဘူးမလား "
" ဒါပေမဲ့ Boss ဘယ်လောက်တော်တယ်ဆိုတာ GM လည်း သိမှာပါခင်ဗျာ "
" သွားတော့ဗျာ ဘာထူးတော့မှာလဲ တစ်တက်စားလည်းကြက်သွန်နှစ်တက်စားလည်းကြက်သွန်ဖြစ်နေပြီကို "
" သွားခွင့်ပြုပါခင်ဗျ "
ဒီစကားကို နားထောင်မိရင်ကျွန်တော်အဆက်အစပ်မရှိပြောနေတယ်လို့ထင်ပါလိမ့်မယ်။ အမှန်က ကျွန်တော်ဟာ ဒီအလုပ်နဲ့မအပ်စပ်တဲ့ ဆရာဝန်တစ်ယောက်။ဆေးကျောင်းတက်ပြီး ဘွဲ့ရခါမှ အိမ်ကတစ်ချက်လွှတ်အမိန့်နဲ့ ဒီမှာအလုပ်လာဝင်နေရခြင်း။
ကျောင်းပြီး House ဆင်းခါစ ဆရာဝန်ပေါက်စဟာ ဘယ်လိုမှ မအပ်စပ်မလေ့လာဖူးတဲ့ ကုန်သွယ်ရေးအလုပ်တစ်ခုမှာ GM တဲ့လေ။
ကျွန်တော်တို့မိသားစုက မဆင်းရဲပေမဲ့ သာမန်လူလတ်တန်းစားလို့ပြောလို့ရပါသည်။ မိသားစု ၅ယောက်ရှိတဲ့ထဲ ကျွန်တော်က အကြီးဆုံး။ အဖေက အစိုးရလခစားဝန်ထမ်းတစ်ယောက်။ အမေကတော့ အိမ်ထောင်ရှင်ပေါ့ဗျာ။ သားသမီးတွေကိုကျောင်းထားရတာ လွယ်တဲ့ကိစ္စတော့မဟုတ်။
သို့သော်လည်း ကျွန်တော့်ကိုဆေးကျောင်းထားနိုင်ခဲ့သည်။ အငယ်နှစ်ယောက်ကိုလည်း Private School ပို့ထားနိုင်သည်။ ဒါတွေဟာ ဘယ်ကရတဲ့ပိုက်ဆံတွေလဲ။ သိတာပေါ့လေ။ ဘာမှသွေးသားမတော်စပ်သည့်Trading တစ်ခုကထောက်ပံ့ပေးသတဲ့။ မြင်လည်းမမြင်ဖူးတွေ့လည်းမတွေ့ဖူးပေမဲ့ အမေနဲ့အဖေကတော့ လက်ခံတယ်ဗျာ။
ВЫ ЧИТАЕТЕ
တိမ်ဖုံးကောင်းကင် - တိမ်ဖုံးကောင်းကင် ( Completed )
Короткий рассказမသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြက်ထွေး' သွေးစိမ်းရှင်ရှင်ထွက်အောင်လုပ်မှရက်စက်တာမဟုတ်ပါဘူး အပြစ်မမြင်ဘူးဆိုတဲ့ ခင်ဗျားကမှ ရက်စက်တာ မဟုတ်သေးဘူး အရှင်လတ်လတ် သေစေတာ ' အေးဝေ ' ( Unicode ) မသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြ...
