Zawgyi
2020 February 11
ဆေးစစ်ချက်ရမည့်နေမို့ ဆရာက ဖုန်းလှမ်းဆက်ခေါ်ထား၍ အိမ်ကနေပဲ တန်းသွားလိုက်မည်လေ။ ဒီနေ့က နားရက်မို့ သူအနားရနေတုန်း ဆရာ့ဆီက တိုင်ပင်စရာရှိတယ် ပြောလာလေတော့ စိတ်ကထင့်လာသည်။
အာ ဘာပဲဖြစ်ဖြစ် ခဏနေသိရမှာပဲကို။
ဘာမှဆိုးဆိုးဝါးဝါး မဖြစ်နိုင်ဘူးမလား။
ပုဆိုးအမြဲဝတ်တတ်သော သူ့အနားနေရတာကြာလို့ထင်သည်။ ကျွန်တော်လည်း ပုဆိုးဝတ်တာ ကြိုက်နေခဲ့ပြီ။ သွားလေရာ ပုဆိုးဝတ်နေ၍ တစ်ခါတစ်ခါ အဆီအငေါ်မတည့်မှုများနဲ့ကြုံလာပေမဲ့ ပြောင်းလဲဖို့စိတ်ကူးကတော့ လုံးဝမရှိ။
ကားကို အေးလတ်ယူသွားပြီဖြစ်၍ ဆေးရုံကို YBS ပဲ စီးလာဖြစ်သည်။ ဒီအချိန် ကားချောင်တတ်၍ Taxi စီးချင်စိတ်ကလည်း လုံးဝမရှိ။ ဂိတ်စမို့ ထိုင်ခုံရတော့ လုံးဝမချမ်းသော ရန်ကုန်ဆောင်းကို aircon စိမ့်နေသော YBS ပေါ်မှပင် ထိုင်၍ နှုတ်ဆက်မိသည်။
ဆရာ့ရုံးခန်းဆီရောက်တော့ စိတ်ထင်လို့ပဲလားမသိ၊ ဆရာ့မျက်နှာမကောင်း။
" နေကောင်းရဲ့လား ဆရာ "
" ကောင်းပါတယ် အေးဝေရ ဘာလို့လဲ "
" ဆရာ့မျက်နှာသိပ်မလန်းလို့ "
" ငါကကောင်းပါတယ်ကွာ ကဲထိုင် ငါမေးစရာလည်းရှိတယ် ပြောစရာလည်းရှိတယ် "
" ဟုတ်ကဲ့ဆရာ "
" အေးဝေ ခေါင်းကို ထိခိုက်ခံရဖူးလား "
" ဟုတ် လွန်ခဲ့တဲ့ ၄နှစ်က အရိုက်ခံရဖူးပါတယ် "
" အဲ့တစ်ကြိမ်ပဲလား "
" ဟုတ် ဘာလို့လဲ ဆရာ "
" ဟိုနေ့က စစ်ဆေးတော့ ဦးနှောက်အနောက်ဘက်ခြမ်းမှာ သွေးခဲနေတာတွေ့တယ် မကြီးတော့မကြီးပေမဲ့ သက်တမ်းကြာကြာရှိနေခဲ့တဲ့ပုံပဲ သူက လာလာဖိတော့ စီးရမဲ့သွေးက တန့်တန့်သွားလို့ ခေါင်းခဏခဏကိုက်တာ ဖြစ်လာတာ "
( စာရေးသူ အတွေးသက်သက်မို့ ဆေးပညာအရလွဲမှားနိုင်ပါသည်။ )
ВЫ ЧИТАЕТЕ
တိမ်ဖုံးကောင်းကင် - တိမ်ဖုံးကောင်းကင် ( Completed )
Короткий рассказမသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြက်ထွေး' သွေးစိမ်းရှင်ရှင်ထွက်အောင်လုပ်မှရက်စက်တာမဟုတ်ပါဘူး အပြစ်မမြင်ဘူးဆိုတဲ့ ခင်ဗျားကမှ ရက်စက်တာ မဟုတ်သေးဘူး အရှင်လတ်လတ် သေစေတာ ' အေးဝေ ' ( Unicode ) မသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြ...
