Zawgyi
" တီတီ တီတီ တီတီ တီတီ "
နှိုးစက်မြည်သံကြောင့် ခေါင်းရင်းက နာရီကို လှမ်းဆွဲပေမဲ့ လက်က စမ်းမမိ။ ဟမ် ဘာလို့မရှိရတာလဲ။
ဒီနေ့ကျမှ အိပ်ယာက မာတောင့်အေးစက်နေလိုက်တာ။
မျက်လုံးမဖွင့်နိုင်သေးပဲ ထထိုင်မိတော့
" အား ကျွတ်ကျွတ် ခေါင်းကလည်း ကိုက်လိုက်တာ၊ ဘာလို့ ငါ့လက်က နာနေရတာလဲ "
မျက်လုံးကို အတင်းပြူးပြဲ ကြည့်မှ သူဟာ ကုတင်ခြေရင်းက ကြမ်းပြင်ပေါ်မှာ ငုတ်တုတ်။ အခန်းထဲမှာ မီးကလည်း ထိန်လို့။ မနက်၆နာရီမို့ သိပ်လင်းအားမကြီးသေးချိန်။
" ငါညက မီးမပိတ်မိဘူးလား ငါကဘာလို့ ကုတင်ပေါ်မအိပ်ပဲ ကြမ်းပေါ်ရောက်နေရတာလဲ "
တဖြည်းဖြည်း ပြန်စဉ်းစားမှ ညကမေ့လဲသွားတာကိုသတိရမိသည်။ ဒါဆို သူတစ်ညလုံး မေ့နေခဲ့တာပေါ့။ ကုတင်ပေါ်တောင်မရောက်ဘူးဆိုတော့ သူမေ့နေခဲ့တာ တစ်အိမ်လုံး မသိလိုက်ကြဘူးတဲ့လား။
သြော် မနေ့တစ်နေ့ကထိ တစ်အိမ်လုံးက ဂရုစိုက်ခံထားရသူက ခုတော့လည်း အမှိုက်တစ်ထုပ်လို။
အင်း အရှင်လတ်လတ် စွန့်ပစ်ခံရသူအလားပဲ။
ဟင့်အင်း မဟုတ်ဘူး။ သူနားနေပြီ ထင်လို့ မသိလိုက်တာ နေမှာပါ။ ဟုတ်တယ် မသိလို့ပါ။
အတင်းကာရော စိတ်ကို အပေါင်းဘက် ပြန်ခေါ်ကာ ညကအကြောင်းကို စဉ်းစားမိသည်။
ခေါင်းက စဉ်းစားတာက စဉ်းစားတာ။ လုပ်စရာရှိတာက လုပ်စရာရှိတာပဲ။ တံဘတ်နှင့် ရေလဲပုဆိုးကို ဆွဲယူရင်း ရေချိုးခန်းဆီ ဝင်ခဲ့သည်။
သွားတိုက်နေရင်းမှ ပြန်၍ မနေ့ညကို ပြန်ပြီး Memory call ခေါ်ကြည့်မိသည်။
' အသံကတော့ကလေးအသံပါ ငငြိမ်းလို့ခေါ်တာကြားလိုက်တယ် ငငြိမ်းဆိုတာ ငါ့ကိုခေါ်တာလား၊ ငါကဘာလို့ပြေးနေရတာလဲ၊ ဘာလို့လဲ.. အဲ့လိုအဖြစ်မျိုး ငါလည်းမဖြစ်ဖူးပါဘူး၊ ဒါပေမဲ့ အသံတွေကရင်းနှီးနေတယ်လို့ ခံစားနေရတယ် '
YOU ARE READING
တိမ်ဖုံးကောင်းကင် - တိမ်ဖုံးကောင်းကင် ( Completed )
Short Storyမသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြက်ထွေး' သွေးစိမ်းရှင်ရှင်ထွက်အောင်လုပ်မှရက်စက်တာမဟုတ်ပါဘူး အပြစ်မမြင်ဘူးဆိုတဲ့ ခင်ဗျားကမှ ရက်စက်တာ မဟုတ်သေးဘူး အရှင်လတ်လတ် သေစေတာ ' အေးဝေ ' ( Unicode ) မသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြ...
