အခန်း ၂၇။ ကိုကို
12.7K 1.1K 12
Zawgyi
ကိုယ်​ကြိုက်​တဲ့အရာတစ်​ခု ပျက်​စီးသွားရင်​ အရမ်းဝမ်းနည်းတတ်​ကြတယ်​မလား။ အဲ့ဒါ​ကြောင့်​ပဲ လူ​တွေဟာ ကိုယ်​ကြိုက်​တဲ့အရာ​တွေ ကိုယ်​ပိုင်​တဲ့အရာ​တွေကို သိမ်းဆည်းတတ်​ကြတယ်​။ သိမ်းထားရင်​​ကော ပြိုကျပျက်​စီးခြင်း​တွေ မရှိ​တော့ဘူးတဲ့လား။ တစ်​သက်​လုံး အဲ့ဒီအတိုင်း​လေးပဲ တည်​မြဲ​နေ​ရောတဲ့လား။
ဒါ​ပေမဲ့ ကျွန်​​တော်​က​တော့ ကျွန်​​တော့လက်​ထဲ ပြိုကျပျက်​စီးသွားနိုင်​တဲ့အရာကို ဖမ်းဆုပ်​ ကိုင်​တွယ်​ သိမ်းဆည်းဖို့ မဝံ့ရဲပါဘူးဗျာ။
.....
" ခင်​ဗျားဒီမှာ အချိန်​​တိုင်းရှိ​နေ​ပေးဖို့မလိုအပ်​ပါဘူး ခင်​ဗျားမှာ အလုပ်​မရှိဘူးလား "
" ကိုယ်​မသွားလည်းရတာ ​အေး​ဝေ အသိပဲ​လေ မဟုတ်​ဘူးလား "
" ​ပြောရဆိုရလက်​​ပေါက်​ကပ်​လိုက်​တာ........ ခင်​ဗျားဒီမှာ ဒီလိုအချိန်​တိုင်းရှိ​နေတာ ခင်​ဗျားအိမ်​သူက ဘာမှမ​ပြောဘူးလား"
" ကို​ယ့်​အိမ်​သူ ဟုတ်​လား..... "
" ​ဒေါက်​တာထားခင်​​လေ... သူပါ ပါလာတာ ကျွန်​​တော်​သိပါတယ်​ .... "
" ​အေး​ဝေက .... ဘယ်​လိုသိ​နေတာလဲ "
" သမီး​လေးက အရမ်းချစ်​ဖို့​ကောင်းတယ်​​နော်​ မမနဲ့တူလို့ထင်​ပါရဲ့ အ​ချော​လေး "
" ဟို... "
" ​မောင်​​အေး​ဝေ ခွဲစိတ်​ရမဲ့ အချိန်​​ရောက်​ပြီ "
" ခွင့်​ပြုပါဦး ပြီး​တော့ ခင်​ဗျား ပြန်​ပါ​တော့ "
..........
တစ်​နာရီကြာ​နေပြီ​လေ ဘာလို့မထွက်​လာကြ​သေးတာပါလိမ့်​။ အဆင်​​ပြေမှာပါ​နော်​။ ဘာဆိုးကျိုးမှ မရှိနိုင်​ပါဘူး​နော်​။
နာရီသံတစ်​ချက်​ချက်​က စက္ကန့်​​တွေ မိနစ်​​တွေ တိုက်​စားပြီး ​နောက်​​တစ်​​ကျော့ နာရီသို့ တိုင်​သွားခဲ့ပြီ။
Operation Room အချက်​ပြမီး ပိတ်​သွားခဲ့ပြီး ဆရာဝန်​ကြီးထွက်​လာခဲ့သည်​။