Zawgyi
" သူနိုးပြီလား ကြီးမေ "
" ဆင်းမလာသေးဘူး မောင်ထွေး "
" ဒီတစ်ခါ ကောင်မလေးက ဘယ်လိုနေလဲ ကြီးမေ "
" ငယ်ငယ်လေးပါကွယ် အကုန်ချောချောလှလှလေးတွေ ချည်းပဲ "
" သြော် "
" ဒါပေမဲ့လေ ဒီကောင်မလေးက နည်းနည်းတော့ ထူးဆန်းသလိုပဲ "
" ဘာလို့လဲ ကြီးမေ "
" အရင်တစ်လကထိ သူခေါ်လာတဲ့ ကောင်မလေးတွေက တစ်ရက်တစ်ယောက် မထပ်ဘူးပဲ
ဒါပေမဲ့ ဒီကောင်မလေးကျတော့ တစ်လရှိနေပြီ ပြီးတော့ နေ့တိုင်းခေါ်မလာဘူး နှစ်ရက်ခြားမှရယ် "
" ..... "
" သဘောကျနေသလား မသိဘူးနော် မောင်ထွေးလေး "
" ကိုအောင်မောင်းကို ခေါ်ထားပေးပါ ကြီးမေ "
" ကောင်းပါပြီ မောင်ထွေး "
မနက်စာ စားပြီး၍ ကြီးမေက ဧည့်ခန်းထိုင်ခုံနား ထားပေးသွား၍ ထိုင်နေလိုက်သည်။ လှေကားပေါ်မှ ခြေသံနှင့်အတူ မိန်းကလေးသုံး ရေမွှေးနံက မပျယ့်တပျယ်။ ခြေသံက တစ်ယောက်တည်းမို့ အေးဝေမပါလာခဲ့ဘူး ထင်ပ။
" ညီမလေး "
" အမ် ... ဘာလဲ ... အဲ "
" ဒရိုင်ဘာပြန်လိုက်ပို့ပါလိမ့်မယ် ညီမလေး "
" သြော် ဟုတ်ကဲ့ "
တစ်ဖက်သူကတော့ ထင်ပါလိမ့်မည်။ ကိုယ့်အိမ်ပေါ်လည်း တက်သေး၊ ကိုယ်ယောက်ျားနဲ့လည်း ဖောက်ပြန်သေး၊ ကိုယ်ရှေ့လည်း ခပ်တည်တည်သွားသေး၊ အဲ့လိုလူကို ဒရိုင်ဘာနဲ့ ပြန်ပို့တယ်ဆိုတော့။ နွားတောင် ဂျိုကျိုးနားရွက်ပဲ့နွားအိုပဲ လို့လေ။
ဒါပေမဲ့ တစ်ဖက်က မိန်းကလေးမလားလေ။ အိမ်တစ်အိမ် မိသားစုတစ်ခုက အဖိုးတန်သမီးလေးပဲ မလား။ ကိုယ်သာတစ်ဦးတည်းသောသားမဟုတ်ရင် သူဟာ ကိုယ့်ညီမလေး အရွယ်ပဲ ရှိမည်။
ဘာတွေလျှောက်လုပ်နေတာလဲ ကလေးရယ်။ မသိချင်ယောင်ဆောင်ထားတယ်ဆိုတာက ထားခဲ့ခံရမှာ ကြောက်လို့မှမဟုတ်တာ။
မင်းချန်ထားခံရမှာ စိုးရိမ်လို့ပါ ကလေးရာ။
VOUS LISEZ
တိမ်ဖုံးကောင်းကင် - တိမ်ဖုံးကောင်းကင် ( Completed )
Nouvellesမသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြက်ထွေး' သွေးစိမ်းရှင်ရှင်ထွက်အောင်လုပ်မှရက်စက်တာမဟုတ်ပါဘူး အပြစ်မမြင်ဘူးဆိုတဲ့ ခင်ဗျားကမှ ရက်စက်တာ မဟုတ်သေးဘူး အရှင်လတ်လတ် သေစေတာ ' အေးဝေ ' ( Unicode ) မသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြ...
