Extra - Ending Part
11.7K 635 38
Zawgyi
Honey Moon မှ ပြန်​လာပြီးကတည်းက သူဟာကျွန်​တော့်ကို သိသိသာသာ​ရှောင်​နေသည်​။
ရာသီအကူးအ​ပြောင်းဖြစ်​၍​ဆေးရုံမှာ case​တွေ အရမ်းများ​နေမှန်းသိပါသည်​။ ကိုယ်​တိုင်​လှုပ်​ရှားသွားလာ​နေတာ မြင်​နေရ​တော့ သူဘယ်​လောက်​ပင်​ပန်းသည်​လဲ သိနိုင်​သည်​။
ဒါ​ပေမဲ့ ... ဒါ​ပေမဲ့​ပေါ့​လေ ။ ဒု​ဆေးရုံအုပ်​ဟု​ခေါ်​သော​ဒေါက်​တာပန်​သု ဆို​သော doctor နှင့်​အမြဲ အတူတူလို​တွေ့​နေရသည်​။
အိမ်​ကိုလည်း ပါလာတတ်​သည်​။ စာကြည့်​ခန်းဟာ သူတို့သု​တေသနခန်းလိုလို။
ကျွန်​တော်​သိသ​လောက်​ဒေါက်​တာပန်​သုက နှလုံးအထူးကု​လေ။ သူက​တော့ ဦး​နှောက်​အာရုံ​ကြောနဲ့ က​လေးအထူးကု။ လိုင်းမတူ​သော သူတို့နှစ်​ယောက်​ဘာ​တွေအတူတူများ​ဆွေး​နွေးစရာရှိပါလိမ့်​။
အိမ်​ကိုပါလာတိုင်း ညစာတိုင်​ညစာ ၊ မနက်​စာတိုင်​မနက်​စာ​ကျွေးပြီးမှ... အိမ်​ကို ကိုယ်​တိုင်​ကား​မောင်းပို့တတ်​သည်​။
ညဘက်​တွေ duty ချိန်​နောက်​ကျလို့ သွားကြိုရင်​Ward ထဲမှာ ရယ်​မော​နေတာကိုလည်း​တွေ့ရတတ်​သည်​။
ဒီအသက်​အရွယ်​ရောက်​မှ သဝန်​တို​နေရသလားလို့​တော့ မစွပ်​စွဲလိုက်​ပါနဲ့​လေ။
သူဟာ ကျွန်​တော်​နဲ့ အသက်​က ရှစ်​နှစ်​တောင်​ကွာတာမို့လား။ ငယ်​ရွယ်​တယ်​..​ချော​မောတယ်​... ဂုဏ်​ရှိတယ်​... ပညာတတ်​ဆရာဝန်​တစ်​ယောက်​လေ။
ကျွန်​တော်​က​ရော .. ကျွန်​တော်​က သူနဲ့ယှဉ်​ရင်​အသက်​ကလည်း ပိုကြီးတယ်​.. ရုပ်​ရည်​ရှိ​ပေမဲ့ အသက်​ပိုကြီးလာတဲ့အခါ အဲ့ဒါက ဘာကျန်​မှာတုန်း။
ပြီး​တော့ ကျွန်​တော်​က ပိုက်​ဆံပဲရှာနိုင်​တာ.. ပညာ​ရေးက ........
ပြီး​တော့ သူက မိန်းက​လေး​တွေနဲ့ပဲ တွဲခဲ့ဖူး​တော့...
ဟို ကျွန်​တော်​သူ့ကိုမယုံတာမဟုတ်​ပါဘူး...
ဒါ​ပေမဲ့ .. ဘဝဆိုတာ ဘာမှ ကြိုမသိရတဲ့ အရာမလား​လေ။
သူ ကျွန်​တော့ကို ချစ်​မှန်းသိ​ပေမဲ့ ကိုယ့်​ကိုကိုယ်​အမှား​တွေလုပ်​ဖူးထားတဲ့သူမို့ ....