Who are we? (II)
1.2K 66 0
Unicode
အလုပ်ပိတ်ရက်မို့ သူတို့နားကြမည်ကြံသော်လည်း ကလေးငယ်က သူ့ကို ပြောစရာရှိသည်ဟုဆိုကာ အိမ်အောက်ထပ်ရှိ ဓာတ်ခွဲခန်းထဲခေါ်လာ၏။
သမီးနှစ်ယောက်သည်လည်း အဘွားအိမ်မှပြန်မရောက်ကြသေး။ အိမ်က သမီးတို့မရှိမှ တိတ်ဆိတ်နေသလိုပင်။
" ကိုကို ထိုင် ... "
ဓာတ်ခွဲခန်းထဲရှိ အစီအရီထားရှိသော ဆေးပစ္စည်းများ၊ စမ်းသပ်ဖန်ပြွန်များကို ကိုယ့်အကန့်နှင့်ကိုယ် မှန်ဗီရိုလေးများဖြင့် ထားရှိ၏။ အရက်ပြန်နံ့ခပ်သဲ့သဲ့ရနေပြီး အခန်းကလေးက အလုံးပိတ်ဆိုသော်ငြား အတော်သန့်ရှင်းသပ်ရပ်ကာ လင်းထိန်နေခဲ့သည်။
အခန်းဖွဲ့ပြီးကတည်းက တစ်ခါမျှမဝင်ခဲ့ဖူးသောဓာတ်ခွဲခန်းထဲ အခုတော့ သူရောက်နေခဲ့ပြီ။ စမ်းသပ်စားပွဲများအလွန်တင် ကွန်ပျူတာတစ်လုံးကို set လိုက်တပ်ဆင်ထား၏။
ကွန်ပျူတာရှေ့ရှိ ခုံနှစ်လုံးတွင် အသီးသီးဝင်ထိုင်ကြရင်း အသက်တို့ကိုပင် လုရှူမိကြသလို။ ကွန်ပျူတာကိုဖွင့်ကာ ဖိုင်တွွဲများကို မွှေနှောက်နေသော လက်ကလေးက တကယ့်ကို သွေးကြောစိမ်းကလေးများဖြင့် မထိရက်စဖွယ်။
လူချောလေးက အခုတော့ လူကြီးပိုင်းတောင်ဝင်နေခဲ့ပြီပေါ့။ တစ်ချိန်ကသူ့ကိုစိတ်ဆိုးဒေါသထွက်ခဲ့သည့် ကလေးငယ်၏ဟန်ပန်မျိုးထက် တည်ငြိမ်ရင့်ကျက်သည့်အိမ်ထောင်ရှင်အမျိုးသားတစ်ယောက်၏ပုံရိပ်တို့ကအပြည့်။
" မနေ့က ကျွန်တော် ကိုကို့ကိုမေးထားတာလေး ကိုကိုသတိရပြီလား "
" အင်း ... သမီးတို့က ကိုယ်တို့နှစ်ယောက်ရဲ့သီးသန့်သွေးပါလို့ ကလေးပြောခဲ့တယ် "
" ဟုတ်တယ် ... ကိုကို ဒါလေး တစ်ချက်ကြည့်ကြည့်ပေး "
ဖွင့်ချလိုက်သည့် ဗီဒီယိုဖိုင်သည်ကား အစိမ်းရောင်သမ်းနေသည့်ဓာတ်ခွဲခန်းငယ်။ ထိုဓာတ်ခွဲခန်းထဲဝယ် ပျားပန်းခတ်လှုပ်ရှားနေမှုအစုစုတို့ကို အသေးစိတ်မမြင်ရသော်ငြား စားပွဲတစ်ခုနှင့် ရင်ဘတ်ပိုင်းတို့ကိုတော့ သေချာမြင်ရ၏။