အခန်း ၂၀။ အတိတ်​​ခြေရာ
10.8K 1K 9
Zawgyi
" သားကြီး မနက်​ဖြန်​ ခွင့်​ယူလိုက်​ "
" ဘာလို့လဲ ​မေ​မေ "
" ​မေ​မေတို့ ဆရာနဲ့သွား​တွေ့မယ်​ "
" ဟုတ်​ "
ဒီအပတ်​ ဒီအပတ်​နဲ့ ကျွန်​​တော်​ရက်​​ရွှေ့​ရွှေ့​နေ​တော့ ​မေ​မေဟာ ထုတ်​​ပြောလာပြီ။ ​အင်းပါ​လေ။ ​မေ​မေလည်း သားကိုပူပန်​​နေရမှာ​ပေါ့။
ကြိုသိတာ ​ကောင်းပါတယ်​​လေ။
---------------------------------------------------------
" ​ဒေါက်​တာ​ကျော်​စွာဦးနဲ့ ​တွေ့ဖို့လာတာပါ "
" ဆရာကြီးက ခုလူနာ​တွေ့​နေပါတယ်​ ကြိုချိန်းထားပြီးသားလား မသိဘူး "
" အင်း မ​နေ့က ဖုန်းဆက်​ထားတယ်​ ​ဒေါက်​တာ​အေး​ဝေငြိမ်း နာမည်​နဲ့ "
" ​သြော်​ ​ဒေါက်​တာလား  ဟုတ်​ကဲ့ ကြည့်​​ပေးမယ်​​နော်​ "
......
" ဟုတ်​ကဲ့ ရှိပါတယ်​ ခဏ​စောင့်​​ပေးပါ​နော်​ လက်​ရှိလူနာ​တွေ့​နေတုန်းမို့ပါ "
" ရပါတယ်​ ဆရာမ ကျွန်​​တော်​တို့ ​စောင့်​နိုင်​ပါတယ်​ "
"​ ​မေ ကျွန်​​တော်​တို့ ခဏ​စောင့်​ရမယ်​တဲ့ "
" ​သြော်​ အင်း "
" ​မေ ဗိုက်​ဆာလား ဒီနားမှာ ဒင်းဆမ်း​ကောင်းတယ်​တဲ့ ​စောင့်​ရင်းသွားကြမလား "
" အင်း ​ကောင်းသားပဲ သားကြီးနဲ့ တူတူထွက်​မစားရတာကြာပြီ အဆင်​သင့်​တာ​ပေါ့ "
.............
" သား မ​ပြေးနဲ့​လေ သား "
မေ​မေ့ဘက်​ ပန်းကန်​တိုး​ပေးစဉ်​ လမ်းမဘက်​မှ ​အော်​သံကြား​တော့ သားအမိနှစ်​​ယောက်​လုံး လှည့်​ကြည့်​မိသည်​။
ကားမဝင်​ရ​သော လမ်းမို့ ကားရှင်းရှင်းဖြစ်​၍ က​လေးငယ်​ဟာ ​ပြေးလွှား​ဆော့ကစား​နေပုံပင်​။ အ​နောက်​မှ အ​ဖေဖြစ်​ဟန်​တူသူက လိုက်​ကာ ​ပြေး၍ တားမြစ်​သံ။
သြော်​ အ​ဖေ့ကိုသတိရမိသွားသည်​။ အ​ဖေ အ​ဖေဖြစ်​​စေချင်​တဲ့ ဆရာဝန်​တစ်​​ယောက်​ဖြစ်​​နေပြီ​လေ။ နည်းနည်း​တော့ ​နောက်​ကျသွားတာ​ပေါ့။ အသက်​ကြီးမှ ဆရာဝန်​ဖြစ်​ရ​တာ​တော့ နည်းနည်းခွင့်​လွှတ်​​ပေး​ပေါ့။
ကျွန်​​တော်​ငယ်​ငယ်​က​ရော အဲ့လို​ပြေးလွှား​ဆော့ကစားလို့ အ​ဖေများ အ​နောက်​က​ပြေးလိုက်​ခဲ့ရဖူးသလားဟင်​။