Zawgyi
🎵 ဒီလိုအိပ်မက်ဟောင်းလေးများကို သတိရနေတယ်
ရင်မှာ ကြင်နာခြင်းရဲ့အစပေါ့ သိပ်မှတ်မိတယ်
ဒီချိန်နှစ်ယောက်သား တွေ့ကြရဖို့
တစ်ယောက်နဲ့တစ်ယောက်ကဝေး
အချစ်လေး
အမြဲတမ်း သတိရနေတယ် 🎵
ကား radio မှ သီချင်းသံသဲ့သဲ့လေးကြားတော့ လူကမချိပြုံးလေးပြုံးမိသည်။ ဒီနေ့ဟာ သူ့မွေးနေ့ အသက် ၃၃နှစ်ပြည့်ပေါ့။
ကျွန်တော်နဲ့သူနဲ့ ပြန်လည်ပေါင်းထုပ်... အင်းးး ပြန်လည်တစ်အိမ်ထောင်ထူခဲ့ပြီးနောက် ကျွန်တော်ကလည်း အောင်မြင်တဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့သလို သူကလည်း သူ့စီးပွားနယ်ပယ်မှာ MYAK CEO ဟူသော အမည်နှင့် ကျော်ကြားခဲ့သည်။
မြန်မာပြည်ပြန်လာခဲ့ပြီးနောက် မကြားရတော့သော နားနှစ်ဖက်ကို ဆေးနဲ့သာ ထိန်းနေခဲ့ပြီး ကုသမှုအတွက် ကျွန်တော့်ဆေးလောကမှ ဆရာတစ်ယောက်နှင့် ကျွန်တော်ကိုယ်တိုင် စာတမ်းတစ်စောင်ရေးခဲ့သည်။
စစချင်း စာတမ်းစတင်ပြုလုပ်စဉ်က ကိုယ်တိုင်ကိုယ်ကျသူ့ရောဂါအခြေအနေကို စစ်ဆေးရသည်။ ဘယ်လိုတွေခံစားနေရသည်ကို မြင်တွေ့လာလေ ရပ်ပစ်ချင်သည်အထိ စိတ်ဓာတ်တွေကျလာသည်။
သူ့ရဲ့ အားပေးအပြုံးနဲ့ သူ့ကိုသက်သာစေချင်စိတ်ကြောင့် အားတင်းလုပ်ဆောင်ခဲ့ပြီးချိန်မှာတော့ နှစ်ဖက်လုံးပြန်မကောင်းနိုင်တော့ပေမဲ့ တစ်ဖက်ကအာရုံကြောတွေကို ပြန်ဆက်သွယ်နိုင်မည့်အကြောင်း သိရှိလာရတော့ ...
အို ကျွန်တော်တတ်ထားတဲ့ ဆေးပညာနဲ့ သူ့ကိုပြန်လည်ကုသပေးနိုင်မည်ဆိုတာသိလာတော့ လူက အင်မတန်မြောက်ရသည်။ ကျေနပ်သည်ထက်ပိုသည်။ ဒီခံစားချက်ကို ပါးစပ်မှ ပြော၍မထွက်။ မပြောတတ်။
YOU ARE READING
တိမ်ဖုံးကောင်းကင် - တိမ်ဖုံးကောင်းကင် ( Completed )
Short Storyမသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြက်ထွေး' သွေးစိမ်းရှင်ရှင်ထွက်အောင်လုပ်မှရက်စက်တာမဟုတ်ပါဘူး အပြစ်မမြင်ဘူးဆိုတဲ့ ခင်ဗျားကမှ ရက်စက်တာ မဟုတ်သေးဘူး အရှင်လတ်လတ် သေစေတာ ' အေးဝေ ' ( Unicode ) မသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြ...