For Zawgi
လကုန်ရင် အမေ့အိမ်သွားမည်။ Boss ပြန်လာတော့မည်ဟုတွေးကာ ပြန်မလာခင် မိသားစုနဲ့ အတူတူ ခရီးတိုတစ်ခုထွက်ချင်မိသည်။ ညီမလေးတွေကတော့ကျောင်းပိတ်ရက်ဖြစ်နေသဖြင့် မိသားစုကတော့ စုံမှာသေချာသည်။
ကိုယ့်စိတ်အခြေအနေကို ကိုယ်တိုင်လက်ခံပြီးကတည်းက စိတ်ကိုလျှော့ချထားလိုက်တော့ လူက သိပ်မဟန်တော့သလို။ ဒီညတော့ အိပ်ဆေးကို ၂ဆတိုးကာ သောက်ပြီးအိပ်ပစ်ရမည်ဟု တွေးထားလိုက်သည်။
ခေါင်းက မကိုက်တော့ပေမဲ့ တစ်ခါတစ်ခါ အသိစိတ်လွတ်သွားရသည်အထိ အသံသေးသေးလေးတွေက လာလာနှောင့်ယှက်သည်။ ထိုအသံလေးတွေနှင့်ပတ်သက်၍လည်း မေမေ့ကို မေးရဦးမည်ဟု သတိရသွားသည်။
မနက်နိုးကတည်းက လူက နုံးချိနေသည်။ အိပ်မက်ထဲမှာ သူဟာ အမှောင်တစ်ခုတည်းကနေ အသည်းအသန်ပြေးနေခဲ့ရသည်တဲ့လေ။ နိုးလာတော့အသက်ရှူကမဝသလို။ ဒီရက်ပိုင်း အစားအသောက်တွေက ဘာအရသာမှမရှိသလိုခံစားရ၍ စားနေရင်တောင် စားမဝင်လို့ အားပျက်သလိုခံစားနေရသည်။ အိပ်ရေးကလည်းပျက်တော့ လူက အဆမတန်ဝန်ပိုထမ်းထားရသလိုပင်။
ဒီနေ့ Project show မှာ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုရမှာမို့လို့ ကုမ္ပဏီကို မဖြစ်မနေသွားရမည်။ Necktie ကိုချည်နှောင်ရင်း အတွေးတစ်ခုပေါက်သွားရကာ ပြုံးမိသည်။ Boss ပြန်လာတဲ့အခါ အလုပ်ကိုအတူတူသွားမည်။ သူ့ကိုအနောက်တိုင်းဝတ်စုံ ဝတ်ဖို့ပြောမည်။ သူ့လည်ပင်းမှာ necktie ချည်ပေးမည်။ shaving ရိပ်ထားခါစ မွှေးပျံ့ပျံ့ သူ့မေးကို မော့နမ်းကြည့်မည်။ ပါးချိုင့်ပိုင်ရှင်လေး ပြုံးရယ်လာစေရန် ပြုမူမည်။ သူ့ကိုခဏခဏရယ်မောစေပြီး သူ့ပါးချိုင့်ကိုမမှီမကမ်း လှမ်း၍အနမ်းပို့မည်။
လောလောဆယ် ပန်ဒါမျက်လုံးတွေက သူ့ကိုလူမမာနဲ့တူစေသည်။ သူပြန်လာတဲ့အခါ ကျွန်တော်ဟာပိန်နေလို့ အရင်လို မချစ်တော့ဘူးဆိုမှ ခက်မည်။ အရသာမတွေ့သော အစားအသောက်တွေကို သူများများစားရမည်။
KAMU SEDANG MEMBACA
တိမ်ဖုံးကောင်းကင် - တိမ်ဖုံးကောင်းကင် ( Completed )
Cerita Pendekမသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြက်ထွေး' သွေးစိမ်းရှင်ရှင်ထွက်အောင်လုပ်မှရက်စက်တာမဟုတ်ပါဘူး အပြစ်မမြင်ဘူးဆိုတဲ့ ခင်ဗျားကမှ ရက်စက်တာ မဟုတ်သေးဘူး အရှင်လတ်လတ် သေစေတာ ' အေးဝေ ' ( Unicode ) မသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြ...