-1-

16.2K 758 16
                                    


နေရောင်တွေသာဖြာကျတဲ့ရှောင်းကျန့်ရဲ့မနက်ခင်းတိုင်းက
အလွန်ပြည့်စုံ၏ ထပ်မံဖြည့်စွက်စရာမလိုအောင်
အိမ်ခန်းထဲကတိရစ္ဆာန်လေးတွေကကျက်သရေအဖြာဖြာနှင့်
ဆေးခန်းနှင့်အိမ်ကိုမနီးမဝေးလောက်မှာ
ထားရှိတဲ့ရှောင်းကျန့်အတွက်တော့
ကားလေး20minutes လောက်မောင်းလျှင်ရောက်လေပြီ

မနက်နိုးမယ် အိပ်ယာကထပြီး အိမ်ကအကောင်လေးတွေကိုအစာကျွေးမယ် ပြီးရင် ဆရာဝန်ကုတ်လေးဝတ်ပြီးတော့
ဆေးခန်းကိုကားအဖြူလေးနဲ့လှိမ့်မယ် ဟိုမှာလည်းလာတဲ့
လူနာတိရစ္ဆာန်တွေကိုကုပေးမယ် ပြီးရင်အိမ်ပြန်မယ်
TVကို5နာရီမှာစကြည့်ပြီးစိတ်ဝင်စားစရာရှိရင်ဆက်ကြည့်မယ်
မရှိတော့ရင်
ပိတ်လိုက်ပြီးလုပ်စရာရှိတာဆက်လုပ်မယ်
တစ်ကောင်ကြွက်ဘဝကတိရစ္ဆာန်တွေနဲ့သာသာယာနေတဲ့
ရှောင်းကျန့်ဖို့နေ့ရက်တိုင်းက holiday ပါပဲ
(ကြော်ညာမဟုတ်)

ဟိုအရှုပ်ကောင်နဲ့စမတွေ့သေးခင်အထိပေါ့

"ရှောင်းကျန့်!"

ဆေးခန်းပေါက်ဝကနေအော်ပြီးဝင်လာတဲ့ခပ်ငယ်ငယ်
ချောချောကောင်လေးတစ်ယောက်ကို
ရှောင်ကျန့်ဆေးစာရင်းမှတ်နေရင်းကနေ
တစ်ချက်ကြည့်လိုက်ရင်း
ပြန်ငုံ့၍ကိုယ့်လုပ်စရာရှိတာကိုယ်လုပ်နေလိုက်၏
ပြောကြမှာပေါ့ တိရစ္ဆာန်ဆရာဝန်တစ်ယောက်ဖြစ်ပြီး
ဆေးခန်းလာတဲ့သူတောင်လာဖို့မပြောဘူးဆိုပြီး
ဟုတ်ကဲ့ကျွန်တော်မသွားပါဘူး
ဘာလို့လဲဆိုတော့ အဲ့ကောင်က ဝမ်ရိပေါ်မို့လို့ပဲ

အလကားနေ့တိုင်းအကြောင်းမရှိအကြောင်းရှာပြီးဆေးခန်းကိုလာတယ်
တစ်နေကုန်နောက်ယှက်တယ်
လူကြည့်တော့ဖြင့်အခုမှကျောင်းတောင်မပြီးသေးတဲ့ပုံစံနဲ့
အလကားစိတ်ရှုပ်တာပဲအဖက်တင်တယ်
ရှောင်းကျန့်သည်ဝမ်ရိပေါ်အကြောင်းတွေးရင်း
ခေါင်းတွေတောင်ကိုက်လာသလိုကြောင့်
နားထင်ကြောကိုလက်တစ်ဘက်နဲ့
ဖိနှိပ်နေတော့သည်

"ရှောင်းကျန့်"

ရှောင်းကျန့်စားပွဲရှေ့ကိုခုံတစ်ခုံဆွဲယူ၍မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး ရိပေါ်ကရှောင်းကျန့်မျက်နှာရှေ့ကိုမရမက
အတင်းငုံ့ကြည်ကာ အရူးလိုပြုံးနေသေးသည်

The boy Like MoonWhere stories live. Discover now