-11-

2.1K 199 9
                                    


"မသွားချင်ဘူး! သွားပြီးဘာလုပ်ရမှာလဲ "

ဆူပုတ်ပုတ်နဲ့ ပိုင်ယွီစကားကိုငြင်းပယ်
နေ့သည့် ရှောင်းကျန့်ကဒီနေ့တစ်နေကုန်လည်း မနားရဘူးလား !

အတန်းတတ်သွားတဲ့ ရိပေါ်မရှိတော့လို့
အဆင်ပြေမလားတွေးမိပါတယ်
ပိုင်ယွီပါးစပ်ကိုမေ့သွားသည်။
အစားသွပ်မထားရင် ပေါက်ပေါက်ဖောက်သလိုကို တရစက်ပြောနေတာ ။

"သွားကြရအောင်ပါ နော် နားရက်ကြီးက
ပျင်းစရာကောင်းတယ် "

"နား. ရက် ! နားရက်နဲ့အဓိပ္ပာယ်ကိုနားမလည်
ဘူးလား ! နားဖို့အချိန်ဟ ! သူများဆီသွားပြီး
ရှုပ်ရှုပ်ရှက်ရှက် ငါကဘာလုပ်ရမှာလဲ !"

"အာရား ရှောင်းကျန့်ရာ "

ဆိုဖာပေါ်မှာ ငုတ်တုတ်ထိုင်ရင်း စကားပြော
နေရင်းနဲ့ ပိုင်ယွီက ကြမ်းပြင်ပေါ် ခြေဆင်းပြီး
ဂျစ်ကန်ပြသည်။

"ချီး! အော်ဂလီဆန်စရာတွေလုပ်မနေနဲ့ "

ရှောင်းကျန့်ကအော်လည်းအော် ခြေနဲ့လည်း
ကန်သေးတာကြောင့် ပိုင်ယွီလည်း ဝေးဝေးကို
ရွေ့သွားလိုက်ရသည်။
မဟုတ်ရင် ဒင်းကန်တာနဲ့ သားတွေကိုလင်
မပေးစားရသေးခင် ဒီက ကျဲကျဲ နိဗ္ဗာန်ရောက်လိမ့်မယ်။

ရှောင်းကျန့်ရဲ့စိတ်ကို ဘယ်လိုမှန်းကိုမသိ
ပြောရရင် အပျို ဖြန်းလို့ပြောရမလား ?
အသက်ကြီးမှ လင်ရတော့မယ်ဆိုတော့
ရှက်ပြီးမူနေတယ်လို့ပဲ မှတ်ချက်ချရမယ်။
ရှက်တာကလည်း လွန့်လွန်လွန်းပါတယ်
ဘယ့်နှယ့် ရိပေါ် ပြောသလိုဆို 12 နှစ်တောင်
မကတော့ဘူး ။ သူ့ခမျာလိုက်ပြီး ဒီကောင်က
လည်းမူနေတာ ။ ဟိုကသူ့ကိုအကြာကြီး
သတိတွေရနေတာကို ဒင်းကတော့ ငယ်ငယ်
တုန်းကဟာတွေတောင် မမှတ်မိဘူးဆိုပဲ ။

ဆိုးဝါးလိုက်တာ ။ ရိပေါ်ကို ပဲ နောက်ဆုတ်
ခိုင်းရမလား ။ ရှောင်းကျန့်ကိုပဲ ရှေ့တိုးခိုင်း
ရမလားပဲ ! ။ ကြားထဲက ဒီ ကျဲကျဲကပဲ
အကျိုးတော်ဆောင်ကျလို့ ။ တကယ်လို့
ညားသွားကြရင် သူ့ကိုအရေးလုပ်ကြမှာလဲမဟုတ် !

အလကား မိအေးနာတယ် !။ သို့သော်လည်း
ပေါ့ ။ ဘုရားက ပိုင်ယွီကိုဒီလိုလူဖြစ်အောင်
ဖန်ဆင်းခဲ့မှတော့ မျက်စိရှေ့က ကြောင်နှစ်ကောင်ကို သေချာပေါက် ပေးစားပြီးမှပဲ US ပြန်
မယ်!.

The boy Like MoonWhere stories live. Discover now