-15-

2.1K 191 21
                                    


" ကျန့်ကော ဘာစားစရာရှိလဲ "

နေဝင်ချိန်ဆို TV ကြည့်နေကျဖြစ်တဲ့
ရှောင်းကျန့်ဟာ ဒီနေ့မှာတော့ ရိပေါ်ကို
ကြည့်နေရပါတယ် ။

သူ့အိမ်တစ်အိမ်လုံးကို နှံ့အောင် လျှောက်ကြည့်
လျှောက်မွှေပြီး ရှောင်းကျန့် အိမ်သော့ကိစ္စနဲ့
လည်းနည်းနည်း စကားများပြီးနောက်
ရိပေါ် ထဲက ရှောင်းကျန့်သော့ဟာ
ရှောင်းကျန့်လက်ထဲပြန်ရောက်လာပါရဲ့ ။

ယခုလည်း ရှောင်းကျန့်မှာ ဆေးစာတွေ
မှတ်နေရင်း မီးဖိုခန်းထဲဝင်သွားတဲ့
ရိပေါ်ကို လှမ်းလှမ်းကြည့်နေရပါသေးသည်။

မနိုင်ဘူး။ မနိုင်ဘူး။ အမှန်တော့
ရှောင်းကျန့်အမှား ။ ဒီလိုကောင်မျိုးက
ဝမ်နည်းတယ်လို့ပြောရင် နည်းနည်းမှ
မယုံသင့်ခဲ့တာကို အခုတော့ ။
သန်ခေါင်းစာရင်းဝင်စစ်နေတဲ့အတိုင်း
အိမ်ကို ပတ်စေ့ လိုက်ကြည့်နေတော့တာပဲ ။

" ကျန့်ကော ဘာမှလည်းမရှိဘူး "

ဘာမှရှာမတွေ့တဲ့ ဝမ်ကြွက်ကလေးက
နောက်ဆုံးတော့ ရှောင်းကျန့် ရဲ့ စာပွဲသေး
လေး ဘေးမှာ လာရပ်ရင်း မှုန်ကုတ်နေ
သောမျက်နှာနှင့်ဆိုသည်။

" အဲ့မှာ ရေခဲရိုက်ထားတဲ့ ကြက်သားရှိ
တယ်လေ "

" ကျန့်ကော ~~ "

ရှောင်းကျန့် ပြောတဲ့အမှန်တရားကို ရိပေါ်က
ရွဲ့တယ်ထင်ကာ ဂျီကျသံနှင့်ဆိုသည်။
တကယ်တော့ ရှောင်းကျန့်ကတစ်ယောက်
တည်းနေသူမို့ ဗိုက်ဆာရင် အပြင် ထွက်
စားလိုက်တာပဲ ။ ပြီးတော့ အရံသင့်ဆိုလို့
မားမား ခြောက်တွေပဲရှိသည် ။
အဲ့မားမားတွေကလည်း ဒီနေ့မှ ဝယ်ဖို့
မေ့နေတော့ ရေခဲသေတ္တာထဲက ကြက်သား
အစိမ်းပါကင်ရယ်။ ကြက်ဥတွေရယ် ပဲရှိသည်။

ထိုအရာတွေကိုတော့ ရိပေါ်သေချာပေါက်
တွေ့မှာမှန်ပေမယ့် ကြည့်ရတာ ဝမ်ကြွက်
ကလေးက အသင့်စားချင်တဲ့ဟန်။

" အဲ့တာအပြင် မရှိဘူး "

ရှောင်းကျန့် ရဲ့စကားကို ပြို တော့မဲ့မိုးလိုမျက်နှာ
နဲ့ ရိပေါ်က ကြည့်ပြီး နှာခေါင်းလည်း ရှံ့ပြသည်။

The boy Like MoonWhere stories live. Discover now