- 27 -

1.9K 174 23
                                    


ရှောင်းကျန့် ရိပေါ် ဝင်လာရင် အကြောင်း
ရာမေးဖို့ဆုံးဖြတ်ထားသည် ။
မကြာမှီပင် အခန်းတံခါးက ပွင့်လာပြီး
ရိပေါ်ကဝင်လာတာမို့ ရှောင်းကျန့် စကားပြော
ဖို့ချီလိုက်သည် ။

" ငါ့ကိုပြောပြ... "

သို့သော် ရှောင်းကျန့် အသံတွေက တိမ်ဝင်သွား
ခဲ့သည် ။ ရိပေါ် က ကုတင်ပေါ်က ထတော့
မယ့် ရှောင်းကျန့် ကို ပိတ်နမ်းပစ်သည် ။
အရှိန်ကြောင့် ကုတင်ပေါ် ပြန်လဲကျသွားတဲ့
ရှောင်းကျန့်ကို ရိပေါ်က အပေါ်က ခွပြီး
အားရပါးရနမ်းရှိက်နေသည် ။
ဆပ်ပြာနံ့တွေမွှန်နေတဲ့ နှုတ်ခမ်းက နမ်း
ကောင်းမှာမဟုတ်ပေမယ့် ရိပေါ်က
သူ့ပါးစပ်ထဲမှာ ပျားရည်တွေ ထည့်လာခဲ့သည် ။

အတန်ကြာထိနှုတ်ခမ်းကို သူကချည်းနမ်းနေ
ပေမယ့် ရှောင်းကျန့် ကတော့ ရုန်းကန်လျက်
ရှိသည် ။ နောက်တော့ ရိပေါ်က
နမ်းနေတာကိုရပ်ပြီး ရှောင်းကျန့် ကိုကြည့်လာသည် ။ ရှောင်းကျန့်လည်း နှလုံးခုန်တွေ
ဆက်တိုက်မြန်နေတာမို့ ရိပေါ်ကို မကြည့်
နိုင်ဘဲ ရုံးကန်နေမိသည် ။

" ခင်များ သိလား ..ခင်များကို
ကျွန်တော် ဘယ်လောက် လိုက်ခဲ့လဲဆိုတာ "

ရိပေါ် စကားကြောင့် ရုန်းကန်နေတဲ့
ရှောင်းကျန့် ကငြိမ်သက်သွားသည် ။
ရိပေါ် ကို ပြန်ကြည့်တော့ သူ့အကြည့်တွေမှာ
ဒေါသရိပ်တွေ ။ အားမရခြင်းတွေ ။
တစ်စုံတစ်ခုကို တစ်စဆီ စုတ်ပြတ်သွား
အောင် ဖျက်စီးပစ်ချင်စိတ်တွေကိုရှောင်းကျန့်
တွေ့ရသည် ။ ထိုအရာအားလုံးကလည်း
ရှောင်းကျန့် အပေါ် ကျရောက်မယ့် အရာတွေ
မဟုတ်လား?

" ခင်များကလေ စောက်တုံး ! တက္ကသိုလ်က
ကျွန်တော့ကိုတော့ မမှတ်မိဘူး ။
ဒီသောက်သုံးမကျတဲ့ အထက်တန်းကိစ္စကို
တော့ ကောင်းကောင်းကြီးမှတ်မိနေတယ်ပေါ့
လေဟုတ်လား ! "

ရိပေါ် ရဲ့ခပ်သြသြ အော်သံကြီးကြောင့်
ရှောင်းကျန့် တုန်တတ်သွားသည် ။
အခုက ကျားအောက်က ယုန်တစ်ကောင်လိုပဲ ။
လွတ်လမ်းမမြင်သလို ရှင်လမ်းလည်းမမြင်။

" ငါ.. အဲ့တာ "

" တောက်စ် ! ရှောင်းကျန့် ! ခင်များသိလား
ခင်များရဲ့ဘာကို ကျွန်တော်မုန်းလဲဆိုတာ "

The boy Like MoonWhere stories live. Discover now