- 26 -

1.6K 174 10
                                    


ရိပေါ်ဒီနေ့စိတ်အခြေအနေသိပ်မကောင်းဘူး
သူ့ပြသာနာကတဖြေးဖြေး လှည့်လို့
မရတော့မှာကိုတွေးပြီး စိုးရိမ်နေမိတယ် ။
သူကပိုချစ်ရတာမို့ သူကပိုခံစားလွယ်သည်။
ဒါကိုလည်း သိရက်နဲ့လက်တည့်စမ်းနေမိသည်။
သူမှ ရှောင်းကျန့် မရှိဘဲမနေနိုင်ဘဲကို ။
ဒီထက်လောဘတတ်မိပြန်တာက
ရှောင်းကျန့်ရောသူ့ကို ချစ်ရဲ့လားဆိုတာ
သူလိုပဲလားဆိုတာ သိချင်မှုက
စိတ်ကိုသိပ်နေရထိုင်ရကမဆင်မပြေ ။
မတော်လို့ ရှောင်းကျန့် သာ သူ့ကိုသဘော
မကျခဲ့ရင် သူ့ဘဝကြီးက ရစရာမရှိအောင်
စုတ်ပြတ်သတ်ကုန်မှာ ။

တွေးရင်း ပုံမှန်ထပ်ပိုပြင်းတဲ့ တစ်ခွက်ကို
မော့ချလိုက်သည် ။
သူ့လည်ချောင်းထဲပူဆင်းသွားတဲ့ဒီအရည်တွေ
ကသောက်နေကျမဟုတ်လို့ထင်၏။
ပူပြင်းလိုက်တာမှ ရင်ဘတ်ထိရောက်သည်။
ပူလောက်လိုက်တာ ဆိုတာ
သူ့စိုးရိမ်စိတ်ကြောင့်လား ။ ဒီ alcohol
ကြောင့်လားဆိုတာ မသိတော့ ။

မားက ရိပေါ်ဒီလိုဖြစ်နေတာမြင်ရတာ
မကြိုက် ။ အိမ်မှာ ကိုယ့်အခန်းကိုသောက်
တာကို မားက ဝင်လာပြီး ပုလင်းတွေ
ရိုက်ခွဲပစ်သည် ။
ဒါကြောင့် အခုလိုမနက်ခင်းကို
ခါတိုင်းလိုရှောင်းကျန့်ဆေးခန်းမသွားဘဲ
နီးတဲ့ alcohol ဆိုင်ဘက်လှည့်ဖြစ်သည် ။

ရိပေါ် ဒီ alcohol ကိုသောက်တာက
အသဲကွဲလို့မဟုတ်ဘူး ။
ဘယ်.. ရှောင်းကျန့်ကသူ့ကိုသေချာပေါက်
သဘောကျမှာပါ ။
လောလောဆယ်တော့သူ့စိုးရိမ်စိတ်တွေကို
ယာယီထိန်းချုပ် ထားနိုင်တာဆိုလို့
ဒါပဲရှိတယ် ။

ရှောင်းကျန့်ကိုလွမ်းတာရူးမတတ်ပဲ
ခါတိုင်းရိုက်နေကျ လက်ကွက်တွေက
Message box ကိုမလှည့်ဖြစ်တော့ ။
ဘီးရာထပ်နေတဲ့ နေရာနှစ်ခုကိုလည်း
စေစားဖို့ခွင့်ပြု ထားမိပြန်သည် ။
ဒီရက်ပိုင်းတွေမှာ ရိပေါ်အတွက်ကငရဲလိုပဲ ။
သိတင်းတွေကြားနေရင်တောင်
ရှောင်းကျန့် ကိုကိုယ်တိုင်မမြင်ရတာ
ခံရခတ်သည် ။
ကိုယ့်ကိုကိုထိန်းချုပ်ရခတ်တာလား
ရှောင်းကျန့်ကိုတွေ့ချင်စိတ်ကထိန်းလို့
မရတာလားမသိတော့ ။

သြော် မတွေ့ရမမြင်ရတာ 3ရက်ကျော်ပဲရှိသေး
တာကို သူ့မှာ 3 နှစ်ကျော်လောက်လိုပဲ ။

The boy Like MoonWhere stories live. Discover now