-9-

2.5K 222 10
                                    


"မင်း သရဲကားတွေမကြိုက်ရင် နောက်ထပ်
ထပ်ပြီးကြည့်ဖို့မကြိုးစားနဲ့ "

ရုပ်ရှင်ရုံထဲကထွက်လာသည့်ပြီး မြစ်ကမ်းဘေး
ကခုံတန်းလေးဆီဝင်ထိုင်နေသည့်တိုင်
ရှောင်းကျန့်က ရိပေါ်ကိုမကြည့်ဘဲ ထိုစကားကို
5ခါမြောက်ပြောသည်။

"ဘာလို့လဲ စိတ်ပူလို့လား "

"အေး မင်းအသံဆိုးကြီးနဲ့ လူကြားလို့မှမကောင်း "

ထိုမျှသာပြောပြီး ဖြေးဖြေးမှန်မှန်စီးဆင်းနေတဲ့
မြစ်ရေပြင်ဆီအာရုံပြန်ပို့သည့်ရှောင်းကျန့်က
နေဝင်ချိန်နဲ့အတူ လှပစွာ ပုံဖော်ထားသလို။
ကိုယ်ကသာ လည်စောင်းမတတ်ငမ်းရသလောက် ကြွေရုပ်ကလေးက တော့ မျက်ထောင့်လေး
နဲ့တောင်ကပ်မကြည့်ပါလေ ။

ဒါလည်း စိတ်မပျက်ကိုယ်ကသာ ချစ်နေရင်
ပြီးတာမို့ အကြည့်တွေကို ရှောင်းကျန့်ဆီသာ
အပ်နှင်းထားသည်။
မြစ်ရေပြင်လား ။ နေဝင်ချိန်လား ။ မြစ်ရေပြင်ပေါ်ကနေဝင်ချိန်အလှတရားလား ? အကုန်လုံး
ကရှောင်းကျန့်ရဲ့ မျက်လုံးလဲ့လဲ့လေးတွေကိုမမှီဘူး ။ သွယ်ကျနေတဲ့ မျက်တောင်နက်နက်လေး
တွေကိုလည်းမမှီဘူး ။ ဖြောင့်ဆင်းနေတဲ့
တော်ဝင်နှာတံလေးကိုလည်းမမှီဘူး ။
ပန်းနုရောင်လို ရိပေါ်တစ်ခါမှမကိုင်ကြည့်
ဖူးပေမယ့် အိအိလေးဖြစ်နေမယ့် နှုတ်ခမ်းဖူးဖူး
လေး အဲ့နောက် ရိပေါ်ရဲ့အချစ်ဆုံးနေရာလေးက
မှဲ့နက်လေး ။ ရိပေါ်အဲ့မှဲ့နက်လေးကိုအရမ်း
သဘောကျသည်။

တစ်ကြိမ်တစ်ခါလောက်တော့ အဲ့မှဲ့နက်လေး
ကို ယုယုယယ ထွေးပွေ့ချင်မိသည်။
စိတ်ထဲမှာ အကြိမ်ကြိမ်ပြစ်မှားဖူးတဲ့
အဲ့မှဲ့နက်လေးက အပြင်မှာတော့ ငေးကြည့်နေ
ရပြန်သည်။

သက်ပြင်းတိုးတိုးလေးကို ရှောင်းကျန့်မကြား
အောင်ရိပေါ်ခိုးချရင်း ဘယ်အချိန်ကျမှအသိ
အမှတ်ပြု ခံရမယ့် ကိုယ့်အချစ်ကို တွေးမျှော်ရင်း
ကြင်သူငေးရာ မြစ်ပြင်ကို ငေးမျှော်လိုက်သည်။

နီးရက်နဲ့ဝေးနေရသလို ခံစားချက်ကြီးက
ရိပေါ်ကို တကယ်အနေခက်စေသည်။
ငယ်ငယ်ကတည်းက ဘော်ကျော့ နေလာတဲ့
ကောင်လေးက အသက် 10 နှစ်ကစလို့
လွမ်းတတ်လာသည်။ ဆွေးတတ်လာသည်။
ဒေါသဖြစ်တတ်လာသည်။ တစ်စုံတစ်ယောက်
ရဲ့မျက်နှာကိုမော်ဖူးချင်လာသည်။
အဲ့လူက ရှောင်းကျန့် ။ သူ့ကိုလွမ်းရသည်။
ပြောစကားကိုမယုံလို့စိတ်ညစ်ရပြန်သည်။
ထို့လူကိုသာ တစ်ကမ္ဘာမြင်လာသည်။

The boy Like MoonWhere stories live. Discover now