- 34 -

2K 237 28
                                    


ရိပေါ်ရဲ့ သဝန်တိုတဲ့ပုံကို ရှောင်းကျန့်က
ပြန်တဲ့အခါ အနားကပ်ပြီး
သဘောကျစွာ စလိုက်တာကြောင့်
အခုအိမ်ပြန်လမ်းမှာ ရှောင်းကျန့်က
Panther seat မှာမထိုင်ရဘဲနဲ့
မင်ကျီက panther seat မှာထိုင်လိုက်လာ
ခဲ့သည်။

ကားတစ်စီးလုံးမှာ လမ်းတစ်လျှောက်လုံး
က ဘာသံမှမကြားရသလို
ဘယ်သူကမှလဲ မပြော ။
ရှောင်းကျန့်ကအပေါင်းအသင်းနည်းတာ
မှန်ပေမယ့် ပိုင်ယွီနဲ့ဆုံရင်တောင်
စကားကဖြတ်မရ ။ အခုကျတော့
ရိပေါ်နဲ့ မင်ကျီက ဘယ်လို အခြေအနေ
မျိုးလဲဆိုတာ တွေးမရဖြစ်ရသည် ။
သူငယ်ချင်းပုံစံနဲ့ သူငယ်ချင်းမဟုတ် သလိုပင်။

" အန်တီ "

အိမ်ထဲကိုဝင်လိုက်ချင်း မင်ကျီက
အန်တီဝမ်ကို ပြေးဖက်သည် ။
အန်တီဝမ်ကလည်း ပြုံးပြုံးရွှင်ရွှင်နဲ့
ပြန်လည်ဖက်တွယ်ပြီး မင်ကျီကို
ညနေစာစားဖို့ ပြောသည် ။

" ကြည့်ပါအုန်း မင်ကျီကငယ်ငယ်ကတည်း
ထွားတာ အခုလည်းကြည့် ရိပေါ်ထက်
အများကြီးထွားနေပြီ "

စာပွဲဝိိုင်းထိုင်နေတဲ့ မင်ကျီကို
အန်တီဝမ်က ထမင်းခူးပေးရင်းနဲ့
စကားစမြည်ပြောသည် ။
တကယ်လည်းဟုတ်သည် ။ မင်ကျီငယ်ငယ်
တုန်းက ဘယ်လိုနေမလဲတော့ မသိ
ပေမယ့် အခုမင်ကျီကတော့ ရှောင်းကျန့်
ထပ် အနည်းငယ်လောက်တောင် မြင့်ဟန်
ရှိပြီး ခန္ဓာကိုယ်က ရိပေါ်ထက်တောင်ပို
တောင့်သည် ။ ရုပ်ရည်ကလည်း
ရိပေါ် လောက်နီးနီးကြည့်ကောင်းသည် ။

မင်ကျီနဲ့မားကထမင်းဝိုင်းမှာ စကားစမြည်
ပြောနေပြီ ။
ရိပေါ်က တီဗီရှေ့မှာ အားရပါးရဗြဲကား
ထိုင်နေသည်။ ရှောင်းကျန့်ကတော့
ခုံမှာပဲဝင်ထိုင်ရမလို ရိပေါ်ဘေးသွား
ထိုင်ရာမလိုဖြစ်ပြီးနောက်
အန်တီဝမ်က သူ့ကို အနားလာထိုင်ဖို့
ခေါ်လာသည် ။

" ဒီသားလေးက ရှောင်းကျန့် တဲ့
ရိပေါ်ရဲ့ ကောင်လေးလေ "

" သြော် ဟဟ "

မင်ကျီက ရိပေါ်ပြောပြီးသားဖြစ်ပေမယ့်
မယုံသလိုဖြစ်ခဲ့သည်။
ယခုအန်တီဝမ်ပြောလိုက် တော့
အံ့သြပြီး လက်လန်သည်ပုံစံနဲ့
အနည်းငယ် ရယ်သည် ။
ရှောင်းကျန့်လည်း ရောယောင်ပြီး
တဟီးဟီး ဝင်လုပ်ပေးနေရသည် ။

The boy Like MoonWhere stories live. Discover now