- 31 -

1.8K 205 32
                                    


" သား  ဒီမှာ ဘာလို့လာအိပ်နေတာလဲ "

နားစည်ကအသံ၀င်လာချင်း မျက်လုံးကလည်း ပွင့်ကနဲ့ ။ အမေသူ့ကို
ထူးဆန်းသလိုကြည့်ရင်းဆိုနေတာမို့
ရိပေါ် ထထိုင်လိုက်သည် ။
မသက်မသာ အိပ်ခဲ့ရလို့ထင်၏ ။ ဇတ်ကြောက စောစောစီးစီးဒုက္ခလာပေးသည် ။

မြင်ကွင်းထဲက အမေဖြစ်သူကို တစ်ချက်
ပြုံး ပြလိုက်ရင်းမနေ့ညကကိစ္စကို ပြန်
တွေးနေမိသည်။
သူမနေညက JiNa နဲ့ VC ပြောရင်း
ဘယ်လိုအိပ်ပျော်သွားမှန်းမသိ ။
အခုတော့နေတောင်ပွင့်ပြီထင်သည်။

" ထ ထ မနက်စာ စားကြစို့ "

အမေကို ခေါင်းငြိမ့်ပြရင်း ကြမ်းပြင်ပေါ်က betray down သွားတဲ့ phone ကို
ယူလိုက်သည်။ ပြီးနောက်မျက်နှာကိုလက်နဲ့
ပွတ်သက်ရင်း လူတစ်ယေောက်နဲ့
ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို
တွေးနေမိသည်။

ရိပေါ်ကအမှန်တော့အိမ်မှာ အိပ်ချင်သူ
မဟုတ်ပေမယ့် အမေစိတ်ချမ်းသာအောင်လာ
အိပ်ပေးတာမို့ဒီနေ့ထိ ဟိုလူရှိသေးရင်
အပြင်ထွက်ဖို့လည်း အစီအစဉ်ဆွဲမည်ဖြစ်သည် ။

သို့သော် ထမင်းဝိုင်းမှာ ထိုင်လိုက်သည်နဲ့
သူရယ် အမေရယ်ပဲ ရှိနေတာမို့
ဟိုဟို ဒီဒီတော့မသိမသာ ရှာကြည့်သေးသည်။

" ရှောင်းကျန့် က သူငယ်ချင်းနဲ့သွား တွေ့တယ် မနေ့ညကသားတို့ဘာဖြစ်သေးလဲ
ရှောင်းကျန့် မျက်နှာမကောင်းဘူး "

တုတ်တိစွာ ထွက်ကျလာသောအမေ့စကား
ကြောင့်ရိပေါ် စိတ်ရှုပ်သလို ဖြစ်သွားရင်း
သက်ပြင်းကို အမေကြားအောင်ချသည် ။ရှောင်းကျန့် မျက်နှာမကောင်းတာနဲ့ ရိပေါ်
ကို အပြစ်တင်တာက လွန်လွန်းတယ် ။
အမေကသူတို့ကို သိသိသာသာကို
အဆင်ပြေချင်တဲ့ပုံစံကြီးမဟုတ်လား ။
ဒါပေမယ့် နောက်လှည့်ဖို့က  တော်တော်ကို
ခက်ခဲမှာလေ ။ မရေရာတဲ့ လူတစ်ယောက်
အတွက် စိတ်ဒုက္ခမရောက်ချင်တော့ဘူး ။

" အမေ "

ရိပေါ် ကစကားကို ညှိနှိုင်းဖို့စိတ်ကူးတာမို့
တစ်ဖက်ကို တရစက်မပြောမိ ။
စားပွဲဝိုင်းထက် တစ်အိမ်လုံးမှာ နှစ်
ယောက်တည်းရှိသလို တိတ်ဆိတ်နေတာမို့
အမေကသူ့စကားကို ကောင်းကောင်းကြားမှာ
သေချာပေါက် ပဲလေ ။
အကယ်၍ မကြားချင်ယောင်ဆောင်ရင်တော့
တစ်မျိုး ပေါ့ ။

The boy Like MoonWhere stories live. Discover now