-7-

3.2K 248 5
                                    


ရိပေါ်တစ်ယောက်ယနေ့တော့အိမ်ကပ်နေ၍
ဝမ်မားမားသည် သားဖြစ်သူကိုထူးဆန်း
လျှက်ရှိသည်။ မနက်ကလည်းအတန်းတတ်၍
ယခုညချိန်ထိလည်းအိမ်တွင်ကပ်လျှက်ရှိသည်။

ထို့အတူ TV သီတင်းမှာလည်း မိုးသည်းမည်ကို
ကြေညာနေပြန်သည်။ ဒါတိုက်ဆိုင်တာမဟုတ်
သေချာပေါ်အိမ်ကပ်လို့ သိကြားမင်းကြီးက
နေ့ထူးနေ့မြတ်အဖြစ်မိုးရွာပေးတာ။

စိတ်ကူးတွေပေါက်ရင်းလည်းဝမ်မားမားဟာ
ရွက်စုတ်ပြက္ခတိန်ကိုဖြဲပြီး မီးခံသေတ္တာထဲ
ထည့်မိလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ကရိပေါ်အိမ်ပထမဆုံး
ကပ်တဲ့ရက်။

သို့သော်လည်း ရိပေါ်သည် TV ကြီးရှေ့ထားပြီး
Phone ကလိနေပြန်သည်။
မီတာခကိုစိတ်မပူသော်လည်း သားရဲ့မျက်လုံး
ကြည်ကြည်လေးကို ထိခိုက်မှာတော့မလိုလားပါလေ။

ထို့ကြောင့် ဝမ်မားမားမှာ ရိပေါ်ဆီသွားပြီး
ဇာတ်ကြောကို ဆွဲဖြေမိသည်။

အရှေ့ကသားလိမ္မာတုံးလေးကလည်း
ဇိမ်ကျနေဟန်ဖြင့် ပြုံးပြုံးလေးဖြစ်နေသေးသည်
ဒီသားတစ်ယောက်ပေမို့ ပေါ့
နောက်တစ်ယောက်လောက်သာရှိခဲ့ရင်
ဒီအချိန် ဝမ်မားမား အိမ်မှာ Ambulance
ကားကိုဝယ်ထားရလိမ့်မည်။

"သား.. ဒီနေ့အိမ်ကပ်လို့ပါလား.. "

"ဟင်.. ဟီး  ဒီလိုပဲပေါ့ တစ်ခါတလေလေးလည်း ပြောင်းလဲကြည့်တာ "

မားမားရဲ့အမေးကိုလှည့်မကြည့်ဘဲ ရယ်သွမ်း
ပြီးရိပေါ်ဖြေမိလိုက်သည် တကယ်တော့
ရိပေါ်လိုလူမျိုးကအိမ်ကပ်စရာအကြောင်းမရှိ
ဆွဲအားက ကျန့်ကောဘက်မှပဲကောင်းတာမို့
ပုံမှန်ဆို ကျန့်ကောနားမှာတောက်တဲ့လို
ကပ်နေမှာဖြစ်သည်။

တကယ်တော့လည်း ဒီနေ့အိမ်ကပ်ရတာ
ချစ်ကောကောလေးရဲ့ တစ်ချက်လွတ်အမိန့်
လေးကြောင့်သာ။

>>>>>>>>>>flash back to morning>>>

အဖျားမရှိတော့ပြီဖြစ်တဲ့ရှောင်းကျန့်ဟာ
သူငယ်ချင်းမ၏တိုက်တွန်းမှုကိုရှောင်လွဲဖို့
ကြံသော်လည်းဘာလိုလိုဘာလိုလိုနဲ့
အကြည့်တွေကိုတော့ မရှောင်လွှဲနိုင်ခဲ့ပါ။

The boy Like MoonWhere stories live. Discover now