- 29 -

1.9K 201 62
                                    

ကောင်လေး ထွက်သွားတဲ့ ပထမရက်မှာ
ရှောင်းကျန့် ပုံမှန်လိုပင်ဖြစ်သော်လည်း
ပိုင်ယွီ နဲ့ ရန်ထပ်ဖြစ်ပြန်သည် ။

အရင်ကသူမဟုတ်သလို ရှောင်းကျန့် ကို
နောက်ဆုတ်ဖို့ပြောရင်း ရန်ဖြစ်ကြတာဖြစ်
သည် ။ ပိုင်ယွီ ပြောခဲ့သေးတာ
ရိပေါ် ကရှောင်းကျန့်ကို မေ့နိုင်မှ ပြန်လာ
ခဲ့မယ်တဲ့ ။

လွတ်ကနဲ့လည်း ရှောင်းကျန့် ရိပေါ် ကို
ချစ်နေပြီဖြစ်ကြောင်း အော်ပြောမိသေးသည် ။

_______

ကောင်လေးထွက်သွားပြီး 1လ မှာ
ရှောင်းကျန့် ဆေးခန်းလေးပိတ်လိုက်သည် ။
တိရစ္ဆာန်တွေအကုန် တခြားဆီရောင်းခဲ့ပြီး
ကျန့်ကျန့် လေးအပါ သူစွန့်လွှတ်ခဲ့သည်။
သူ့ဆီထက်သူများဆီဆို ပိုအဆင်ပြေမှာ ။

အရက်မသောက် ဆေးလိပ်မသောက် ဘာမှ
ရုပ်ထင် ပျက်စီးမှုမရှိပေမယ့်
သူ့ရင်ထဲမှာတော့ အကြီးကြီးဆောက်ထားတဲ့
အိမ်ကြီးက တဖြေးဖြေး ဆွေးမြေ့ကျလာတာ
သူသာသိမည်ထင်၏ ။

အခုသူ့မှာက ချန်ကော် ပဲရှိတော့သည် ။
ဆေးခန်းကိုနောက်ဆုံးလာခဲ့တဲ့ အထက်တန်း
ကျောင်းသူလေးကိုလည်း ထပ်မတွေ့ရတော့ဘူး

__________

ကောင်လေးထွက်သွားတဲ့ 3 လမြောက်မှာ
မားနဲ့ ချုံဟယ်က ရှောင်းကျန့် ဆီထပ်လာခဲ့သည်။ မားကတော့ ရှောင်းကျန့် ဆီပြောင်းလာတာ
ဖြစ်ပြီး ချုံ ဟယ်ကတော့ မားခေါ်လို့
လိုက်လာခဲ့ခြင်းဖြစ်သည် ။

မားကိုတော့ ရှောင်းကျန့် အလုပ်အကြောင်း
မပြောဖြစ် ။ သူ့သားက ဘွဲ့ရပညာတတ်ဖြစ်
ပြီး အခုလို တိရစ္ဆာန်ဆရာဝန်သေးသေးလေး
လုပ်တုန်းကတောင် အတင်းကန့်ကွက်ခဲ့တဲ့
မားက သူဆရာဝန်ဆက်မလုပ်တော့ဘူး
ဆိုတာသာသိရင်......

အစကတော့ အေးအေးဆေးဆေးနေလို့ရပေ
မယ့် ပြောင်းပြီး 2 ရက်မြောက်မှာချုံ ဟယ်
ရဲ့အထုပ်အပိုးတွေကြောင့် ရှောင်းကျန့် အိမ်
ငှားရှာဖို့ဆုံးဖြတ်ခဲ့သည် ။

တော်ပြီ ။ တခြားသူဘက်ကဘယ်လိုတွေပဲ
ဘယ်လိုသဘောနဲ့ ကပ်ကပ် သူ့ကောင်လေး
ထပ်စိတ်ဆိုးပြီး ပြန်မလာမှဖြင့် ။

The boy Like MoonWhere stories live. Discover now