- 12 -

2.1K 214 8
                                    


" အယ် ရိပေါ် ကစားတာတော်တယ်နော် "

အပေါက်ဝကြီးကနေ မတ်တပ်ကြီးငေးနေတဲ့
လူနှစ်ယောက်ဆီထဲမှ ပိုင်ယွီက ဆိုလာသည်။
သူ့ဘေးမှာတော့ အကြောင်းမဲ့ နားတွေနီ
နေတဲ့ လူတစ်ယောက်ကိုတွေ့ရမည်ဖြစ်သည်။

"မထင်ထားဘူး.. ငါကသူ game ပဲဆော့
တတ်တယ်ထင်နေတာ "

"မော်တော်.... "

"ဟင် ?"

ငုံ့နေတဲ့ မျက်နှာကြီးဆီကအသံထွက်လာပြီး
နောက် လက်သီးစုပ်လေးကို ဆိုင်ကယ်လီဗာ
တင်သလိုလုပ်ပြသည့်ရှောင်းကျန့် ။
ဘာတွေဘယ်လိုဖြစ်နေလို့ မြေကြီးထဲ
ဝင်မတတ်ခေါင်းငုံ့နေတာလဲတော့
ပိုင်ယွီလဲ မသိပါ ။

"အာ ဆိုင်ကယ် စီးတာလား ..wow
ငါမမြင်ဖူးသေးဘူး "

မလှမ်းမကမ်းက ယှဉ်ပြိုင်ဆော့ကစားနေတဲ့
ရိပေါ်နဲ့ လူတစ်စုကိုမျက်တောင်မခတ်ပါးစပ်
အဟောင်းသားကြီးနဲ့ ပိုင်ယွီကို ရှောင်းကျန့်
ပိတ်သာရိုက်လိုက်ချင်တယ် !

မကြည့်နဲ့ ! မိန်းမဖြစ်ပြီး မရှက်တတ်ဘူးလား !

"အယ် ရှောင်းကျန့်လာလာ !! သူတို့နားပြီလား
မသိဘူး "

"အဲ ပိုင်ယွီ !! ပိုင်ယွီ !"

လက်ကောက်ဝတ်ကိုအတင်းဆွဲ ကာ ဘတ်စကစ်ဘော ကွင်းထဲ အတင်းခေါ်သွားတဲ့ ပိုင်ယွီ
နောက် တစ်ရွတ်တိုက်ပါသွားသည်။
ဒီတစ်ယောက်ကြောင့် ဒုက္ခရတော့မည်ဟု
အငွေ့အသက်တွေခံစားမိသည်။

"ကျန့်ကော ! သတိထား !!!!"

"ဟင် "

ကွင်းလယ်ကနေ ရင်းနီးသောလူ၏ အထိတ်
တလန့်အသံနှင့်အတူ မြင်ကွင်းထဲပစ်ဝင်လာသော အဝါရင့်ရောင် အလုံးကြီး ။
အ့ !
နဖူးတည့်တည့်ကို အားပြင်းပြင်းနဲ့ ခုန်စောင့်
သွားပြီးတဲ့အချိန် မျက်ခုံးတွေကိုကြုံ့လိုက်သည်။
အထက်အောက်ပြောင်းပြန်ဖြစ်နေပြီး
တလှုပ်လှုပ်ခါရမ်းနေတဲ့ မြေကြီးနဲ့အတူ
လူကပါ ယိုင်ဒိုးလို့ ။
အခုကဘာလဲ ဘောလုံးမှန်သွားတာလား.
လူတွေအများကြီးရှေ့မှာလေ ...

မကြာခင်ပင် မျက်စိအစုံဟာမှိတ်ချသွားကာ
ခေါင်း သည်နောက်သို့ယိုင်သွားလျှက်
ဒူးခွေကျသွားချိန်  မာတောင့်တောင့်ဖြစ်ပြီး
နွေးထွေး စိုစွတ် သည့် အရာတစ်ခုပေါ်
အပုံသားလဲကျသွားသည်။

The boy Like MoonWhere stories live. Discover now