- 20 -

1.4K 160 30
                                    


Oasis ကိုပြန်တွေ့တဲ့ကောင်လေးကလည်း
မလွတ်တန်းဖက်တွယ်ထားဆဲမို့
ကြားထဲ က ပိုင်ယွီ မုန့်နင်ရသည်။
သူ့ဘေးက ချုံ ဟယ် ဆိုသည့်ကောင်မလေးက
တော့ ဖျော်ရည်ခွက်ကို ကိုင်ရက်နဲ့
ကြောင်ကြည့်နေသည် ။
မျက်ဝန်းထဲမှာတော့ မယုံကြည့်ခြင်းတွေ
နဲ့ အံ့သြခြင်းတွေကပ်ပါမြဲ ။
ပတ်ဝန်းကျင်မှာလည်း တိတ်ဆိတ်လျှက် ။

ရှောင်းကျန့်ကတော့ လက်တွေလေမှာ
ကန့်လန့်ကြီးဖြစ်နေပြီးနောက် ရုန်းမိတော့
ပုခုံးပေါ်က ကောင်လေးလက်တွေက
လျော့ကျသွားသည် ။ မျက်နှာက ရှောင်းကျန့်
ပုခုံးပေါ် စောင်းကျလာပြီး
လက်တွေက ပြေကျနေတော့သည် ။

အနေအထားက ရိပေါ်က မဆိုသလောက်
ပုတာမို့ ရှောင်းကျန့် ပုခုံးပေါ်မှာမသက်သာဟန်
လည်ပင်းကိုမော့ထားရသည် ။
ရှောင်းကျန့် ရင်ထဲ ကိုးလို့ကန့်လန့်ကြီးဖြစ်နေသည့် ရိပေါ်က သူ့ကို တစ်ကိုယ်လုံးမှီထားတာမို့
အထိမခံတဲ့ နေရာတွေကိုပါ ထိနေရသည် ။
တော်ပါတော့ ရိပေါ်ရယ် ။
Beijing ကိုပြန်ပြေးချင်အောင် မလုပ်ပါနဲ့ !

" ရိပေါ် "

ပုခုံးကို ကိုင်ပြီးဖယ်မယ်လုပ်တော့မှ
ကောင်လေးရဲ့ အသံရူသံမြှင်းမြှင်းလေးကို
ကြားလိုက်ရသည် ။
အိပ်ပျော်သွားတာလား ! ။
မလှုပ်တော့ဘဲ နှာခေါင်းနဲ့ထိနေတဲ့
နားဆီမှာ ကောင်လေးရဲ့ ဝင်သက်ထွက်သက်က
ညီညီညာညာမို့ ရှောင်းကျန့် အံ့သြသွားရသည် ။

ဘာလို့အိပ်ပျော်တာမြန်ရတာလဲ ! ။
ဘာတွေလုပ်လာလို့လဲ ။
ထိုကောင်လေးရဲ့ပုံစံက လုံးလုံးလျားလျားကို
အိပ်ပျော်နေတာမို့ ဆင်တတ်နင်းလည်း
နိုးမယ့်ပုံမပေါ် ။
ရှောင်းကျန့်လည်း သူ့ ပုခုံးပေါ်က
ကလေးကို လက်မောင်းကနေတွဲပြီး
သူ့အခန်းကို ဦးတည်ခဲ့သည် ။
ကိုယ်ချင်းပူးနေလည်း အဖျားရှိတဲ့ပုံစံ
လည်း မရ !

လက်မြောက်လိုက်တော့ ရလိုက်ရတဲ့
ချွေးနံက လူကိုမူးဟိုက်သွားတဲ့အထိ !
ဆိုးရွားလိုက်တာ ! ။ရိပေါ်ရဲ့ ကိုယ်အနံ့ကို
ပထမဆုံး ရဖူးလိုက်တာပဲ ! ။
လှေကားကနေ အခန်းထိသွားတဲ့
တစ်လျှောက်လုံး နှာခေါင်းကိုပိတ်သွား
ရသည် ။

The boy Like MoonWhere stories live. Discover now