- 0 - new year

2.5K 197 1
                                    


"Happy new year ! ကျန့်ကော "

ဆိုဖာပေါ်မှာထိုင်ရင်းတတ်သမျှ new feed
တွေထိုင်ကြည့်နေသော ရှောင်းကျန့်ကို
ရိပေါ်က အနောက်ကနေအကျယ်ကြီး
အော်လိုက်တော့ လက်ထဲကphone မှာ
လွတ်မကျရုံတမယ် ။

မျက်စောင်းခဲကာအနောက်ကိုကြည့်လိုက်တော့
ချောမောနေမှုသောင်းခြောက်ထောင်နဲ့
ရိပေါ်ဆီက ရေမွှေးနံ့လေးကပါခပ်သင်းသင်း။

"မင်းရေမချိုးသေးဘူးလား "

ရှောင်းကျန့်စကားကိုကြားတော့ ပြုံးရင်း
ခေါင်းစောင်းလိုက်တဲ့ရိပေါ်ဟာ သိပ်တော့
မဟုတ်ချင်သလို ။
ဆိုဖာနောက်ကျောကိုကျော်ခွလာပြီး
ရှောင်းကျန့်ဘေးထိုင်ကာ လက်ထဲက
ကိုင်ထားတဲ့ ပုလင်းလေးကိုစားပွဲပေါ်တင်
လိုက်သည့် ရိပေါ်ကြောင့် ရှောင်းကျန့်
မျက်လုံးပြူးသွားရသည်။

"မင်းသောက်မလို့လား "

"ဟုတ်တယ်လေ.. New year ပဲ"

ရိပေါ်ကပြောပြီးပြီးချင်း ထသွားကာ
ဖန်ခွက်နှစ်လုံးကိုသွားယူပြီး ပြန်ထိုင်လာတော့
ရှောင်းကျန့်မပြောဘဲမနေနိုင်တော့ပြန် ။

"ငါမသောက်တော့ဘူး"

"ဘာလို့လဲ "

ပြောသာပြောနေတာ ရိပေါ်ကနှစ်ခွက်စလုံး
ထဲကို ပုလင်းလေးထဲက ခပ်ပြင်းပြင်းဝိုင်
လေးတွေငှဲ့နေပြီ။
တကယ်တော့ သူလည်းသောက်ချင်သည်။
သို့သော် သောက်လိုက်ရင် သူ့အဖြစ်သူ
သိတာမို့ မသောက်ဘဲနေတာ အကောင်းဆုံး။
ခွက်ငှဲ့ပြီးတော့ ကြည့်လာတဲ့ ရိပေါ်ကို
ရှောင်းကျန့် ပြုံးပြလိုက်ရင်း

"ငါမသောက်တော့ဘူး မင်းပဲသောက်ပါ "

ထိုမျှသာပြန်ပြောပြီး phone ကိုအာရုံစိုက်
လိုက်တဲ့ရှောင်းကျန့်ကို ရိပေါ်ကျေနပ်ပုံမရ။
ဒါလည်းမတတ်နိုင်ဘူးလေ။
ရှောင်းကျန့်ကိုယ်တိုင်ကမှမသောက်ချင်တာ
ရိပေါ်ကို အလိုလိုက်တာလည်းတော်ရုံပဲ
ကောင်းတာမို့ မြင်ကွင်းထဲက မျက်နှာဆိုး
လေးကို လွတ်ထားပြီး  Weibo ကရိပေါ်ပုံ
တွေကိုသာထိုင်ကြည့်နေလိုက်တော့သည်။

ကောင်းလိုက်တဲ့ရိုက်ချက်တွေနဲ့ အမိမိုက်
နေတဲ့ ရိပေါ်က 2019 ရဲ့နှစ်ဆုံးပိတ်မင်းသား
လေးလို ရှောင်းကျန့် မှတ်ချက်ပေးလိုက်သည်။
ထို့နောက် ပုံတွေပုံတွေကိုငမ်းနေတုန်းမှာ
တစ်ခွက်ကိုမော့လိုက်တဲ့ရိပေါ်အား
မျက်စိထောင့်မှမြင်လိုက်သည်။

The boy Like MoonWhere stories live. Discover now