- 36 -

1.2K 144 16
                                    

ခရီးစချင်းချင်း ကြည်ကြည်နူးနူးဖြစ်ချင်
တဲ့ ရိပေါ်က တော့ သူ့ဒုက္ခသူ ခံရှာသည်။
အသွားတုန်းကလည်း သူယူရတဲ့ luggage
ကို ယခု မနက် Chongqing အသွားမှာလဲ
သယ်ရသည် ။ နေမပူချင်တာမို့ 7 နာရီလောက်က စထွက်ခဲ့သည် ။
Luggage တစ်ဖက်နဲ့ ကြင်သူ့လက်လဲ
ကိုင်တာမို့ မသိရင် ရှောင်းကျန့်က
မပေါ့မပါး မိန်းမသဖွယ် ဖြစ်နေရသည် ။

ရိပေါ်က တော့ မနက်စာစောစီးစီး
Hotel က ဝန်ထမ်းတွေကို မျက်စိဒုက္ခပေး
ရင်း ကမ္ဘာကြီး အပိုင်ရထားသလို
မျက်နှာထားနဲ့ ဖြစ်သည် ။

" ကျန့်ကော "

ကားထဲမှာ နေရာယူပြီး ခါးပတ်ပတ်နေဆဲ
ဖြစ်တဲ့ရှောင်းကျန့် ဟာ ရိပေါ် ခေါ်သံ
ကြောင့် ကြည့်လိုက်မိသည်။
ရိပေါ်က သွားတွေပေါ် အောင်ပြုံးနေပြီး
သူ့လက်ကို တွဲဖို့ ကမ်းသည် ။

" မပေးဘူး.. ကားသာကောင်းကောင်းမောင်း
ပါ လောင်ဝမ်ရဲ့ "

" ကျန့်ကော လုပ်ပါ "

" မင်း လုပ်လို့ တိုက်သေကုန်ရင် ဘယ်လိုလုပ်
မလဲ "

" ဖတ်ဖတ် ! ကျန့်ကောရယ် နမိတ်မရှိနမာ
မရှိ လက်လေးသာ ပေးပါ "

ရှောင်းကျန့် က ရိပေါ်ကို အထက်ကြည့်
အောက်ကြည့် ကြည့်ပြီး လက်ကိုမကမ်း
ပဲ ရှိနေသေးတာကြောင့် ရိပေါ်ကပဲရှောင်း
ကျန့် လက်ကို ယူကာ သူ့လက်နဲ့ တွဲ
လိုက်ရသည် ။

" အခုမှပဲ ပြည့်စုံသွားတော့တယ် "

ရိပေါ်က သက်ပြင်းချကာ ပြုံးလိုက်သည်။
ပြီးမှ ဦးတည်ရာကို မောင်းထွက်ခဲ့သည် ။
ကြားထဲမှာလဲ အားရင် အားသလို
ရှောင်းကျန့် ကို ခိုးကြည့် လို့ ဆဲသံ
သေးသေးလေးတွေ ကြားရပြန်သေးသည်။

" ရိပေါ်  မင်းကြည့်နေပြန်ပြီလား "

" မီးနီနေတယ်လေ "

" ဘယ်လိုပဲ ဖြစ်ဖြစ် ရှေ့ပဲကြည့်ရမယ်လေ "

" မီးနီနေတုန်းလေးကို "

" မီးစိမ်းသွားရင်ရော... ဟော ကြည့် မီးစိမ်း
သွားပြီ... ဘာလုပ်နေတာလဲ မောင်းလေ..
အနောက်က ဟွန်းတီးနေပြီ "

The boy Like MoonWhere stories live. Discover now