- 37 -

3K 144 38
                                    


" ငါမောင်းမယ် "

Partner seat မှာ နေရာယူပြီးကာမှ
ရှောင်း ကျန့်ဆီက ထွက်လာသောအသံ
ဖြစ်သည် ။ ရိပေါ်က သူနားလိုက်ရတဲ့
အတွက် မနေ့ညက အိပ်တာတောင်
ဖြောင့်ဖြောင့်အိပ်မပျော် ။
ရှောင်းကျန့်က Chongqing ကို သိပ်ရောက်
ချင်နေတာကြောင့် အမြန်မောင်းချင်ပေမယ့်
ရိပေါ်က ခရီးနှေးအောင် လုပ်မိသလို
ဖြစ်သည်ဟု ခံစားရသည် ။

ယခု ညကတဝက်ကြီး အိပ်မပျော်တဲ့
အခြေအနေကြောင့် စီယာတိုင်လေးကိုင်ပြီး
သန်းဝေမိကာရှိသေး ရှောင်းကျန့်ဆီက
ထိုစကားထွက်လာသည် ။

" ရတယ် ကျွန်တော်ပဲမောင်းမယ် "

" မရဘူး မင်းပင်ပန်းနေတာငါသိတယ် "

စကားနိုင်လုဖို့စိတ်ကူးမရှိသလို
ရိပေါ်ကတကယ်ပဲ ထုံနေတာမို့
သဘောတူလိုက်သည် ။
ရှောင်းကျန့်က မောင်းသူနေရာမှာဝင်ထိုင်
လိုက်တော့မှ စိတ်ချမ်းသာသွားသလိုခံ
စားလိုက်ရသည် ။
သို့သော် ရိပေါ်ကတော့ ရှောင်းကျန့် ကို
ကားမမောင်းဖူးသူသဖွယ် နှင့်ကြည့်နေသေးသည် ။

" ငါကမင်းထက် 6 နှစ်လူလုပ်လာတာရိပေါ် "

" ဟုတ်ပါပြီ "

ရှောင်းကျန့်က ဆရာကြီးလေသံနဲ့ပြောလိုက်
တော့မှ ရိပေါ်က သူ့ခေါင်းကို ကားမှန်
ဘက်စောင်းသွားပြီး စိတ်ချလက်ချအိပ်
တော့မည် ပုံစံရှိသည် ။
တကယ်တော့ ရှောင်းကျန့်ဆိုတာ
ကားမောင်းတတ်တာလည်းကြာပြီး
တခေါက်ကလည်း Chongqing ကို
ကိုယ့်ဘာကိုယ်လာတာကို ဒီကောင်လေးပို
ကိုပိုသည် ။

မျက်နှာလွှဲအိပ်နေတဲ့ သူကို တချက်ကြည့်ပြီး
ဆုကြီးကြီး ယူလိုက်ရသဖွယ်ပြုံးလိုက်သည်။
လူတစ်ယောက်ပင်ပမ်းနေတာကို ကူလိုက်
ရတာလောက် ခံစားချက်ကောင်းတာမရှိဘူး
ဒါလည်း ရှောင်းကျန့် ကလူကောင်းမို့
ဖြစ်ရင်ဖြစ်မှာပေါ့ ။

ကိုယ့်ဘက်ကို ယက်ယူအပြီးမှာတော့
ရှောင်းကျန့် ခရီးဆက်ခဲ့သည် ။
လမ်းမှာ ဘယ်မှလည်း ဝင်မနားသလို
ရိပေါ် အိပ်နေတာကိုလည်း မနိုးအောင်
ကားကို ဂရုစိုက်ပြီး ဖြေးဖြေးသာမောင်းသည်။ 5 နာရီလောက် မောင်းပြီးတော့
မနက် 11 နာရီထိုးပြီဖြစ်သည် ။
အနည်းငယ်ပင်ပမ်းတာမို့
ကားကို 24 hr ဆိုင် ရှေ့ ခဏရပ်လိုက်သည်။
အဓိကကတော့ ခဏလေး လက်အကြော
ဖြေချင်တာရယ် ။ အအေးလေးသောက်
ချင်လို့ရယ်ကြောင့် ဖြစ်သည် ။
ရိပေါ်ကတော့ ရှောင်းကျန့် ကားရပ်လိုက်
သည်ထိ မနိုးသေး ။ ညကတရေးမှအိပ်
မပျော်ဘူးထင်သည် ။
ရှောင်းကျန့် လည်း ကားပေါ်ကမဆင်းမှီရိပေါ်ကို နိုးဖို့ပြင်သည်။

You've reached the end of published parts.

⏰ Last updated: Oct 10, 2020 ⏰

Add this story to your Library to get notified about new parts!

The boy Like MoonWhere stories live. Discover now