- 32 -

1.4K 149 3
                                    

ဆူဆူညံညံ မဟုတ်ပေမယ့် ငြိမ့်ငြိမ့်
ညောင်းညောင်းအသံက စကားကို ကျယ်
ကျယ်ပြောဖို့ လုံလောက်ပါသည်။
တံခါးကို ဖြတ်ဝင်လိုက်တော့ လူ ပေါင်းစုံရဲ့
ကိုယ်သင်းအနံ့တွေကို လက်ခံရရှိလိုက်၏။

မျက်နှာတစ်ချက်ပျက်သွားပြီး သူဘာ့
ကြောင့်လာမိပြီလဲဟုတွေးကာ ပြန် လှည့်
ဖို့ပြင်သည် ။
သို့သော် မျက်စိထောင့်ကနေ ကုန်းကိုင်း
နေပြီး စားပွဲပေါ် ခေါင်း ပြားပြားဝပ်နေတဲ့
လူတစ်ယောက်က သူ့အာရုံကိုဖမ်းစား
သွားသည်။

" ရှောင်းကျန့် "

နှုတ်ကနေ အမည်နာမတစ်ခုကို ရွတ်မိပြီး
နောက် စောစောက ပြန်လှည့်မယ့်ခြေလှမ်း
တွေက ဥပေက္ခာ အပြုခံခဲ့ရသည် ။
ရယ်သံတွေ မူးပြီး မှောက်နေတဲ့လူတွေကြား
မှာ ဒီလူတစ်ယောက်ကို တော့ ရှာဖို့က
ရိပေါ် အတွက် မခက်ခဲ ခဲ့ပါ ။
ခပ်မြန်မြန် ခြေလှမ်းတွေနဲ့ ထိုလူဆီသွားပြီး
လက်မောင်းကနေ မပင့်လိုက်သည် ။

" အယ်... ဘာလုပ်တာလဲ "

ပုခုံးပေါ် လက်မောင်းမတင်ခင်မှာ
မူးမှောက်နေတဲ့ ယုန်တစ်ကောင်ကတော့ လေးပင်နေတဲ့အသံနဲ့ ဆိုသည် ။
ရိပေါ် လည်း မျက်နာလွဲရင်း သတိမမှုမိသလို
ရှောင်းကျန့်ကို ကူတွဲလိုက်သည် ။
လွန်ခဲ့တဲ့ 10 မိနှစ်က ပိုင်ယွီကိုသူပြောခဲ့တဲ့
စကားကို ငြင်းပါသည် ။
နောက်ဆုံး တော့သူပဲ မနေနိုင်လာခေါ်ရတာ
ပဲမဟုတ်လား။

ကိုယ်ချင်းပူးသွားတော့ ရှောင်းကျန့် ဆီက
ကိုယ်သင်းရနံ့နဲ့ စပျစ်နံ့ပြင်းပြင်း အနံကို
ရသည် ထိုအနံ့က ရိပေါ် ကို တောင် မူး
နောက်စေသည် ။
လက်တစ်ဖက်က ကိုယ့်ပုခုံးပေါ်မှာရှိတဲ့
ရှောင်းကျန့် လက်ကိုကိုင်ထားပြီး
နောက်လက်တစ်ဖက်ကရှောင်းကျန့် ခါးကို
လှမ်းထိန်းထားသည် ။

ယိုင်တိုင်တိုင်နဲ့ နှင်တော့ တူတူထိကိုင်ထားတဲ့
လက်ဖျားတို့ကမြဲ၏။
အငြိမ်မနေတဲ့ ခေါင်းက ဟိုယိမ်းဒီ ယိမ်း
ယိမ်းရင်း တစ်ချက်တစ်ချက်ဆို ရိပေါ်
ခေါင်းနဲ့ လာလာထိသည် ။
မဟုတ်ဘူး တမင်တကာ မှီတာဆိုပိုမှန်မည်။

The boy Like MoonWhere stories live. Discover now