-2-

8.5K 559 34
                                    


ဒီနေ့သည်ရိပေါ်အတွက်သာမန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်သော်လည်း
ရိပေါ်ဟာရှောင်းကျန့်ကိုတွေ့တိုင်း
နလုံးအစုံဟာဆက်တိုက်ခုန်နေသလိုပါပဲ
(ခါတိုင်းကျမခုန်တာကြလို့)

ခပ်မြန်မြန်ပဲရိပေါ်ဟာရေချိုးမိုးချိုးပြီးတော့
အခန်းထဲမှာရေမွှေးတွေနှင့်ခေါင်းပေါ်ကိုပါ
Supre တွေအလွန်ပင်ဖြန်းနေပါ၏

"အောင်မလေး.. အဟွတ်အဟွတ်"

မနက်စာတောင်စားချိန်ကျော်နေပြီဖြစ်သောကြောင့်
စည်းကမ်းကြီးသောရီပေါ်ပါးပါးသည်အချိန်ကို
လေးစား၏။
ထို့ကြောင့်အချိန်တန်လို့လာမစားရင်
ရီပေါ်ပါးပါးသည်စားစရာတွေကိုအကုန်သွန်ပစ်တတ်သည်
ထိုအခါတွင်တော့ရီပေါ်အမေသည်
အလိုက်ကမ်းဆိုးမသိတဲ့သားအတွက်
ရှေ့တော်မောက်
လင်ဗန်းနဲ့စားစရာတွေလာပေးရသည်မှာနေ့တိုင်းလိုလို။

ယခုတွင်လည်းသားတော်မောင်ဆင်းမလာသေး၍
အခန်းထဲသို့စားစရာလာအပို့တွင်
အင်မတန်မွှန်ထူလှသောအနံ့သည်
မားမားနှာခေါင်းထံအလုအယက်ဝင်နေကြ၏
အင်မတန်မွှန်သည်မှာအသက်ပင်ရူလို့မရအောင်ကြောင့်
ရီပေါ်မားမားသည်ကြွေလင်ဗန်းကိုဘေးကြုံရာချလိုက်ပြီး
ရင်တထုထုနှင့်အသက်ကိုလျှာထွက်မတတ်
အမောတကောရူနေရပါ၏။

"အမလေး ရီပေါ်နင်ငါ့ကိုမွှန်ပြီးသေအောင်သတ်နေတာလားဟမ်! အဟွက်"

"ဟာ မားမားဘာလာလုပ်တာလဲ"

အမေသေမတတ်မွှန်နေတာကိုတောင်ကူတွဲပြီး
အပြင်ပို့ဖော်မရ
ဘေးဘက်ကနေမတ်တပ်ကြီးရပ်ပြီး
ခါးထောက်ကာပြောတဲ့သားလေးက
မသိရင်ကိုယ်ကဘဲသူ့အခန်းထဲဝင်မိတာမှားသလိုလို
ဒင်းစားဖို့လာပို့တဲ့မျက်နှာမှမထောက်။

"သြော်အေး...ဘာမှမဟုတ်ဘူးဟေ့ ခြေယားလို့လာတာ
ရှင်းပြီလား "

သားအမိုက်ကိုစေတနာသိစေခြင်းငှာ
အနည်းငယ်ရွဲ့လိုက်ပြီး
ဘေးဘက်ကကြွေဗန်းကိုမျက်လုံးနှင့်ထိုးပြလိုက်သည်

"မားသားဘယ်လိုနေလဲကြည့်ကောင်းလား"

ထိုးနေတဲ့မျက်လုံးကသာစွေ့တော့မယ်
အရေးမလုပ်တဲ့အပြင်
မဆီမဆိုင်မေးခွန်းတွေကောက်မေးလို့
ငါ့သားဟာအဝေးမှုန်လေသလားအနီးမှုန်လေသလား?

The boy Like MoonWhere stories live. Discover now