-8-

2.6K 213 6
                                    

"အတွဲခုံပေးပါ "

"ဟုတ် .. အကိုက horror movie နော်"

"အင်း"

ဘေးနားကနေပြောချင်ရာပြောပြီး ပြုံးဖြီးနေတဲ့
ပါးစောင်ကို ရွဲ့သွားစေချင်တဲ့အကြည့်တွေနဲ့
ရှောင်းကျန့်ဟာ လေပူတွေကိုခဏခဏမှူတ်
ထုတ်လျှက် ကျိန်ဆဲနေသည်။
ဒင်းကတော့မသိ သူလုပ်ချင်ရာလုပ်ရတော့
ပြုံးလို့ပျော်လို့ ။ မျောက်အုန်းသီးပေးသလိုပဲ!

15မိနှစ် ဆိုတဲ့ရှောင်းကျန့်စကားကိုလှိမ့်ပြီး
ဆိုင်ကယ်မောင်းတဲ့ အချိန်တဲ့ .  30မိနှစ်က
ပန်းခြံပတ်ဖို့တောင်းတာတဲ့ မရဘူးဆိုလည်း
ရတယ်ပြောပြီး... ပန်းခြံယောင်္ကျားလေးနှစ်
ယောက်ကသွားပြီး ဘာလုပ်ရမှာလဲ
ပန်းခူးပြီး တစ်တီတူးနေရမှာလား?
55 မိနှစ်က သွားချင်ရာသွားပြီး 1နာရီက
ရုပ်ရှင်ကြည့်ချိန်တဲ့.. ။ကြားထဲ15မိနှစ်ဆိုင်ကယ်
စီးချိန်ဆိုတာအားလုံးပေါင်းတဲ့! ပြောသမျှနေရာ
တွေအကုန် ဆိုင်ကယ်ပေါ်တတ်လိုက်တဲ့အချိန်
ကစ ဆင်းတဲ့အချိန်ထိပေါင်းမှ 15 မိနှစ်ဆိုတာ
ဒါသက်သက် ရှောင်းကျန့် ကြောက်တာကိုသိ
လို့အမြန်နှုန်းနဲ့အသားယူတာ !

"ဘာ အတွဲခုံလဲ.. ငါမင်းနဲ့မထိုင်နိုင်ပါဘူး "

"ကျန့်ကော မထိုင်ဘူးဆို ကျွန်တော်.......
ရုံမပြခင် ကျန့်ကောကကျွန်တော့ချစ်သူပါဆိုပြီး
ထကြွားပစ်မယ် ...hee hee "

ကြောက်စရာအပြောနဲ့ကြောက်စရာအပြုံး
အောက်မှာ ရှောင်းကျန့်မှာပြောစရာစကားပင်
ပျောက်ရှကုန်သည်။ အောက်မေးပြုတ်ကျသလို
ကိုဖြစ်သွားသော ရှောင်းကျန့်ဟာ ဒီသောက်
ကလေးကိုဘယ်သူမြှောက်ပေးလိုက်ပြီလဲဆို
တာ ချက်ချင်းကိုတန်းသိသည်။
အကျိုးမပေးတဲ့ BFF မသာမလေး.....
လောလောဆယ် အရှေ့က မီးကြိုအိုးလေးကို
လည်းမဟန့်ရဲတော့.. အားတွေရလာပြီဆို
တကယ်လုပ်ရင်.. ရှောင်းကျန့်ပဲခံရမှာ။

"အိုး.. ငါ့ရဲ့ကျန့်ကောက လူတွေကိုဆေးကုပေး
ရုံမကလို့ ယင်ကောင်တွေအတွက်ဝပ်ကျင်းပါ
လုပ်ပေးထားတာပဲကျန်း.. "

ပြောလည်းပြော လက်ကလည်း မေးကိုကိုင်ဆွဲ
လာတာမို့ ရှောင်းကျန့်ရုန်းလိုက်ရသည်။
တကယ်ပဲ အားတွေကိုမဟုတ်တရုတ်ဆီက
ရလာတယ်ဆိုတာသိပေမယ့်ဒီလောက်များမှန်း
မသိ ကိုယ်ထိလက်ရောက်စော်ကားရဲရအောင်
ဒီသောက်ကလေး ကိုဘယ်လိုစကားတွေများ
ရိုက်သွင်းခဲ့ပါလိမ့်?

The boy Like MoonWhere stories live. Discover now