- 35 -

1.1K 117 2
                                    


" ဘယ်ကိုသွားကြမလဲ "

ခပ်ကြာကြာမှီနေပြီးမှ ရိပေါ်ဆီက အမေး
စကားကိုကြားလိုက်ရသည် ။
Luggage ကြီးမလာပြီးမှ နေဝင်ခါနီးမို့
Hotel မှာတညအိပ်ငှားလိုက်ရသည် ။
အိမ်နဲ့ နီးနေသေးတာတောင် အိမ်မပြန်
ချင်ဘူးဟုဆိုကာ ရိပေါ်က ဂျီကျခဲ့သေးသည်
အခုက ကုတင်ပေါ်ထိုင်နေတဲ့ ရိပေါ်
ဘေးမှာ ရှောင်းကျန့်က ရိပေါ်ပုခုံးပေါ်
ခေါင်းမှီလျက် အနားယူနေသည် ။

" အာရိုး ရိပေါ်ရာ မင်းပဲ သွားမယ်ပြောပြီး
အခုမေးခွန်းထုတ်နေတာလား "

" အင်း ကျွန်တော်က ကျန့်ကောကိုဦးစား
ပေးချင်တာ "

ရိပေါ်စကားကြောင့် ရှောင်းကျန့် မှီနေရာက
မတ်ကာ ရိပေါ် မျက်နှာကို ကြည့်လိုက်
သည် ။ ဒီကောင်လေး ဘယ်တုန်းက
ဒီလိုစိတ်ရှိသွားတာလဲဟု အတွေးဝင်မိလို့
ဖြစ်သည် ။ ရိပေါ် က ပုံမှန်ဆို အခုလိုလည်း
မပြောဖူး ။ သူတို့ကြားမှာ မပြေလည်တာ
များတော့ အခုလို အချိန်တွေလည်း
မရှိခဲ့ဖူးတာမို့ ထူးဆန်းသလို သဘောလည်း
ကျရသည် ။ ရှောင်းကျန့်ကပြုံးပြုံးကြီးနဲ့
စိုက်ကြည့်နေတာမို့ ရိပေါ်က ရှောင်းကျန့်
ခေါင်းကို ပုတ်ကိုင်လာသည် ။

" ဟေ့ အကြီးခေါင်းမကိုင်ရဘူးလေ "

" ကျွန်တော်တို့က ရည်းစားတွေမဟုတ်ဘူး
လား "

ရိပေါ်စကားကြောင့် ရှောင်းကျန့်က
မျက်ခုံးကြုံးကြည့်လိုက်တော့
" မဟုတ်ဘူးလား " ဟု မေးသံလေးကို
ကြားလိုက်ရပြန်သည် ။
ဒီကောင်လေးက တကယ် ။
သူလုပ်ချင်ရာ လုပ်ရရင် သဘောကျနေရော
ပဲ ။

" ဟင် ကျန့်ကော ကျွန်တော်တို့
ဘယ်သွားကြမလဲ "

" အင် ......... Chongqing ဆိုရင်ရော "

ရှောင်းကျန့်က တကယ်သူသွားချင်တဲ့
နေရာပြောလိုက်တာကို ရိပေါ်က
ဘာဖြစ်မှန်းမသိ ။
ချထားတဲ့ ခြေထောက်တွေကို ကုတင်ပေါ်
တင်လိုက်ကာ တပလင်ခွေထိုင်လိုက်သည်။
ပြီးနောက် ရှောင်းကျန့်ကို မကြည်သလို
စိုက်ကြည့်လာသည် ။

" ဘာလဲ "

" Chongqing သွားပြီး ဘာလုပ်မှာလဲ
ကျွန်တော် မသွားဘူး "

The boy Like MoonWhere stories live. Discover now