- 14 -

1.7K 196 21
                                    


အပေါ်ထပ်ကဆင်းလာပြီး နီရဲနေတဲ့ မျက်နှာ
နဲ့ ကျေနပ်နေတဲ့ မျက်နှာတွေကို တလှည့်စီ
ကြည့်ပြီး ဝမ်မားမား ပြောစရာ ပျောက်ရှကုန်၏။

အခုသူဘာကိုကြည့်နေရတာလဲ ?

ကြောင်ငေးနေတာကို ခဏရပ်ပြီး
ခရီးပေါက်အောင်သားဖြစ်သူကို တည့်မေး
ရမည် ။

" သား "

"ဗျာ "

"အမေနဲ့ လိုက်ခဲ့အုန်း ဟိုဘက်ခဏ "

"ဟာ အမေကလည်း ဒီမှာပဲပြောလေ "

အရိပ်အကဲမသိ ။ ဂျီတိုက်နေတဲ့ သားကို
ဝမ်မားမား ကြည့်မရတော့ ။
ဖြစ်နေလိုက်တာ ။ ရုပ်ကိုက ဆံပင်မွှေးကနေ
ဆွဲဆောင့်ချင်စရာ ။
သို့သော်လည်း တုတ်ပြဓားပြပြီးမှမခေါ်ရင်
အကြောတင်းတဲ့သူသားတော်မောင်ကတော့
လိုက်မယ်မထင်။
ထို့ကြောင့် ရိပေါ် မားဟာ သွားကြားထဲက
လေသံနဲ့ ကြက်သီးထဖွယ် ခေါ်လိုက်သည်။

"နင်လာမှာလား ငါလာရမှာလား "

"ဟီး သားလာမယ် သားလာမယ် "

ဒီလိုကျတော့လည်း အကြောင်းသိတဲ့သားက
သူ့ကောင်လေးရှေ့မှာတော့ အိုးစားမကွဲချင်ဘူး
ထင်ပါ့။
အမေလက်မောင်းကို ကိုင်ပြီး ခေါ်ရာလိုက်
လာသည်။

ကောင်လေးကို ဧည့်ခန်းမှာထိုင်ခဲ့ခိုင်းပြီး
ဝမ်မားမားက သားဖြစ်သာနဲ့အတူ
ခြံထဲကို ထွက်လာခဲ့သည်။

" ဆိုပါအုန်း ။ ဒါကဘာလဲ "

သားရှေ့မှာ လက်ပိုက်ပြီး ခပ်တည်တည်မေးဆို
လိုက်တော့ သားဖြစ်သူက လျှာတွေသပ်ပြီး
ရှက်သယောင်ယောင် လည်ပင်းကို
မီးတောက်မတတ်ပွတ်နေသေးသည်။

အခြေအနေကိုကြည့်တာနဲ့  အဖြစ်အပျက်
ကို ဒီလောက်သိသော်လည်း တိတိကျကျ
သိမှကိုဖြစ်မည် ။

သူမသားအကြောင်း သူမနည်းနည်းလေး
တောင် မသိရပါလား ။
အရင်ရက်တွေက အတန်းတွေပျက်ပြီး
သူ့မသားကဒီကောင်လေးနဲ့တွေ့ဆုံနေခဲ့တာ
လား ။ အဲ့လိုမျိုး တွဲဖက်ကောင်လေးသာ
ဆို သူမသား လုံးပါးပါး လိမ့်မည် ။
တစ်ဦးတည်းသော သားလေးမို့
ဖူးဖူး မှုတ်ထားရတာ ဒီလိုတော့ အဖြစ်မခံနိုင်။

The boy Like MoonWhere stories live. Discover now