- 18 -

1.5K 170 9
                                    


" မြောင် ~~~ "

နားနားက အသံသေးသေးလေးနဲ့တူတူ
မျက်နှာပေါ်ကို တွန်းတိုက်သွားတဲ့
နူးညံ့လွန်းတဲ့အမွှေးလေးတွေ ။

ရှောင်းကျန့်က ခါတိုင်းလည်း မနက် 4နှာရီ
လောက်ထပြီး လမ်းလျှောက်နေကြမို့
အသာလေးနိုးလာသည် ။
ပြတင်းပေါက်ဆီက အလင်းရောင်ကို မမြင်
ရသေးတော့ သေချာပေါက် 4 နာရီ
ဝန်းကျင်လောက် ။

သူ့ဗိုက်ပေါ်မှာ ငုတ်တုပ်ထိုင်ပြီး အမွှေးတွေကို
လျှာနဲ့သန့်စင်နေတဲ့ ချန်ကော်ကို ရှောင်းကျန့်
ထထိုင်ရင်း ပွေ့လိုက်သည်။

သူ့ Beijing ကအိမ်မှာ တိရိစ္ဆာန်တွေ
ကျန်ခဲ့သည် ။ ဆေးခန်းမှာရောပဲ ။
ဘေးအိမ်က အဒေါ်ကို phone ဆက်ပြီး
အကူအညီလည်း တောင်းရအုန်းမည် ။

အဘိုးကြီးလို တွေးတောနေတဲ့
ရှောင်းကျန့်လက်ထဲက  ချန်ကောဟာ
ပွေ့ထားတာပြီး တာတောင် ရုန်းမထွက်။
ဟိုးအရင်ကနှစ်တွေနဲ့တော့ကွာပါ့

" ချန်ကော် မင်းဒီနေ့လူကပ်လို့ပါ့လား "

မှတ်မှတ်ရရ ချန်ကော်ကိုမွေးတာ 2နှစ်
ရှိပြီ။ သို့သော် ချန်ကော် ကတော့သူ့ကို
သိပ်မကပ်။
မနေ့ညကထိတောင် ကုတ်နေတဲ့ချန်ကော်က
ဒီနေ့ လူကပ်နေတော့ ရှောင်းကျန့်
သူ့ကလေးများ စိတ်မကောင်းဖြစ်နေတာလား
လို့တွေးမိသည် ။
မနေ့ညက သူ့ကလေးကြောင့်သူလက်
အနာရသွားသည်လေ ။

ရှောင်းကျန့်စောင်ခေါက်ပြီးအိပ်ယာသိမ်း
နေတော့ ချန်ကော်က အပြင်ကိုထွက်သွား
သည် ။
အခန်းထောင့်မှာ အားသွင်းထား
တဲ့ phone ကိုကြည့်တော့
ဖွင့်လို့ကိုမရ ! ။ ပျက်သွားပြီလားတောင်မသိ။
လာတုန်းက လမ်းမှာ
Phone ပြောရင်း တောင်ကြားလမ်းက
ပြေးဆင်းလာတဲ့ ခွေးလေးကြောင့်
ကားကို ဘရိတ်အတင်းအုပ်ပစ်လိုက်တာ
လက်ချောပြီး phone က ကားဘေးဘက်က
ချောက်အသေးလေးထဲကို ပြုတ်ကျသွား
သည် ။
ပြန်ရလိုက်ပေမယ့် တစစီ
အဲ့တာလည်း ပြန်ဆက်တော့မရပေမယ့်
အားကုန်နေပြီအမှတ်နဲ့
ဘာမှမဖြစ်ခဲ့တာ ။ အခုမနက်မှာတော့
ကမ္ဘာပျက်ချက်ပင် ! ။

ရှောင်းကျန့် ရေချိုး
အဝတ်လဲပြီး အောက်ထပ်ကို ဆင်းလာခဲ့တော့
အချိန်က 5 နာရီခွဲ။
Beijing ကဲ့သို့ မအေးတဲ့ Chongqing ရဲ့
ရာသီကြောင့် မနက်ခင်းက စောသော်လည်း
အလင်းရောင် ဝင်နေပြီဖြစ်သည် ။
ပုံမှန်ဆို Beijing မှာ ဒီအချိန် မြူ စိုင်းနေတုန်း ။

The boy Like MoonWhere stories live. Discover now