-5-

4.5K 306 7
                                    


နောက်တစ်နေ့တွင်. ရှောင်းကျန့်တစ်ယောက်
အိပ်ယာထဲဘုန်းဘုန်းလဲ ဖျားလေသည်။
ဆရာဝန်ကဖျားတယ်ဆိုတာရယ်စရာဖြစ်ပေမယ့်
.. ရှောင်းကျန့်ခေါင်းတို့ဟာ
ရိုလာကိုစတာစီးနေသည့်နှယ်.. မူးမိုက်ရပါသည်။

နာရီကိုပင် ရှောင်းကျန့်မကြည့်နိုင်သော်လည်း
အောက်ထပ်က ဝန်းထဲမှာမွေးထားတဲ့
ကြက်ဖအော်သံကြောင့်
လင်းပြီဆိုတာသိလိုက်ရပါတယ်.. ။

ခါတိုင်းလည်းတစ်ယောက်တည်းနေတာမို့
ဖျားလည်းကိုယ့်ဘာကိုလုပ်ရတာပဲဖြစ်သော်လည်း
ယနေ့ပိုလိုအဖျားပြင်း၍လူက
စောင်ထဲမယ်ပိုးတုံးလုံးကိုကွေးနေရပါသည်။

*ကံဆိုးတဲ့နေ့ပဲ.. မဟုတ်ဘူးလေ အဲ့လိုပြောရင်
ပါးစပ်စီးသွားမှာပေါ့.. ဖွပ်ဖွပ်.. ကံကောင်းမှာပါ.. *

"ကျန့်ကော!!!!!!!!!!!!!!!!!! "

*ဘုရား.. ဘုရား.နေမကောင်းလို့
စိတ်နောက်နေရတဲ့ကြားတဲ့ ဒင်းအသံကကြား
နေရသေးတယ် ။*

"ကျန့်ကော... !.. ကျန့်ကော!... တံခါးဖွင့်!.. "

ရုတ်တရက်ရှောင်းကျန့်၏ခြေရင်းဘေးဘက်က
အခန့်းတံခါးလေးဟာတဒုံးဒုံးထုခံရပြီး
နောက်ဆုံးတော့.. 'ဝုန်း'ဟုအသံကြီးနှင့်အတူ
ရှောင်းကျန့်တံခါးလေးဟာကြမ်းပြင်နှင့်
ညားသွားရပါတယ်..

|ဘာများလုပ်ခဲ့လို့ဒီအိမ်မှာ.. တံခါးလာဖြစ်ရတာပါလိမ့်.. ( T ʖ̯ T)... |

"ဝမ်ရိပေါ်... မင်းဘယ်လိုလုပ်.. "

"ကျန့်ကော... !.. ဘာဖြစ်တာလဲ... "

အတင်းကိုလူလည်းမြင်ရော
အပြေးတလိုင်းနှင့်လာကာ
ကုတင်ဘေးကနေ
စောင်ထဲကွေးနေတဲ့ရှောင်းကျန့်ပေါ်မှ
စောင်ကိုအတင်းဖယ်နေသောကြောင့်
ရှောင်းကျန့်မှီရာမှီရာကိုလှမ်းကန်နေရသည်.။

"မင်းဘာလုပ်နေတာလဲ... ဝမ်ရိပေါ်!.. "

မှန်ဘီလူးကိုမျက်လုံးကြီးနဲ့
အတင်းကိုလိုက်ဖယ်နေသောကြောင့်
ရှောင်းကျန့်ကုတင်ပေါ်တွင်လူးလိမ့်နေရသည်။

"ကျန့်ကော.. ဘာဖြစ်တာလဲ.. "

"ဘာလဲ.. အလန့်တကြားနဲ့.. ဖျားနေတာကို
မင်းလာတော့ပိုတောင်ဆိုးသွားတယ်ထင်တယ်... "

The boy Like MoonWhere stories live. Discover now