- 33 -

1.8K 201 29
                                    

" ခင်များ ! "

" အင်.......ရိပေါ် "

ရှောင်းကျန့် ဘဝကတော့ သံသယမကင်း
မခြင်းမနက်ခင်းက ကောင်းမွန်နေခဲ့
တာတော့မဟုတ် ။
မနေ့ညက ဆေးရှိန် နဲ့ 3 ချီလောက်ပြီးခဲ့ပြီး
ရိပေါ်ရော ရှောင်းကျန့် ရော ချုံးချုံးကျ
ကာ မသန့်ရှင်းရသေးဘဲကို အိပ်ပျော်သွား
ခဲ့သည် ။ အခု မိုးလင်းတော့
ရှောင်းကျန့် ရင်ခွင်ထဲ အိပ်နေတဲ့ ရိပေါ်က
အလန့်တကြားနဲ့ ထပြီးအော်လာသည် ။

" မနေ့ညက... ခင်များ "

ရိပေါ်က ရှောင်းကျန့် ရဲ့ ခါးဝက်ပဲ ဖုံးထားတဲ့
စောင်ကြောင့် ပေါ်နေတဲ့ အနီကွက်များစွာကို
ကြည့်ပြီး အလန့်တကြားနဲ့ ဆိုပြန်သည်။
ရှောင်းကျန့် လည်း အနေခတ်သလို
ပြုံးပြလိုက်ရင်း သူ့ခေါင်းတောင်အခုမှ
မူးလာသလိုခံစားရသည် ။

" Shit ! "

ရိပေါ်က ရှောင်းကျန့်ကို ဆက်မကြည့်
တော့ဘဲ ကုတင်ပေါ်က ဆင်းဖို့ပြင်ပြီးမှ သူ့ကိုယ် ပေါ် မှာ အဝတ်မပါတာကို
သတိရသွားသည့်ဟန်ရှိသည် ။
အီးမှန်ထားတဲ့ မျက်နှာကြီးနဲ့ ရိပေါ်က
သူ့အဝတ်အစားတွေကို မထဘဲ
မျက်လုံးနဲ့သာ လိုက်ရှာနေသည် ။
ထိုပုံစံကြောင့် ရှောင်းကျန့် လည်းအူယားကာ
ရိပေါ်ဘေးကို ခပ်မြန်မြန် ကပ်သွားလိုက်
သည် ။ 
ရိပေါ်က ရှောင်းကျန့်ကို မကြည့်ဘဲ
မျက်စိ စူးသလိုလိုဘာလိုလိုနဲ့ လူပါ
ရှောင်းကျန့်ဘေးကနေ အဝေးတိုးလိုက်
သည် ။

" ရိပေါ်... ဟိဟိ မင်းဘာဖြစ်နေတာလဲ "

ရှောင်းကျန့် မေးလိုက်တော့ရိပေါ်က
ထပ်တိုးလိုက်ပြန်သည် ။ ရှောင်းကျန့် လည်း
ရိပေါ် ဘေးထပ်ကပ်ရင်း သူ့ဆီကနေအကြည့်
လွှဲနေတဲ့ ရိပေါ် မျက်လုံးတွေဆီ အတင်း
လိုက်ကြည့်သည် ။

" ဟေး.. ခံလိုက်ရတာ ငါနော် မင်းက
ဘာဖြစ်နေတာလဲ  "

ရှောင်းကျန့် က ရှက်ရမ်းရမ်းသလို ပတ်
ရှောင်နေတဲ့ ရိပေါ်ကို ကြည့်ပြီး
ရယ်မိသည် ။ ပထမဦးဆုံး ရိပေါ် ရဲ့
အဲ့လို ပုံစံကို မြင်လိုက်ရတာပဲ။
ကလေးစသလို မျက်နှာရှေ့ဟာသ
လုပ်နေတဲ့ ရှောင်းကျန့် က အူမြူးနေပြီး
ရိပေါ်ကတော့ အီမှန်ထားဆဲပင် ။

The boy Like MoonWhere stories live. Discover now