- 13 -

1.8K 206 20
                                    


ကားပေါ်မှာ ဂျစ်ကန်ဂျစ်ကန်လုပ်ရင်း
နောက်ဆုံးတော့ ရိပေါ်အိမ်ကိုခရီးပေါက်
ခဲ့သည်။

*ခွေးသားလေး မင်းကို သူတစ်ပါး သားသမီး
မတရား ခေါ်ဆောင်မှုနဲ့ တရားဆွဲမယ် *

*အဲ့ ဥပဒေ ရှိလို့လား *

*ရှိတယ်ကွ ! မင်းကြည့်နေလိုက် *

*ဘာလဲ 24 နှစ်သားက 30 အဘိုးကြီးကို
မတရားပြု တယ်ဆိုပြီးတော့လား *

*ဏီး !!!!!*

အကြည့်တွေနဲ့ စစ်ခင်းပြီးချိန်မှာတော့
ရိပေါ်က အရင် ကားပေါ်ကဆင်းသွားသည်။
ရှောင်းကျန့်ကတော့ မဆင်းဘဲ သူနှင့်မဆိုင်
သလို တောင်ကြည့်မြောက်ကြည့်နှင့် ။

အူလည်လည်အဘိုးကြီး။

ရှောင်းကျန့်ဘက်ကတံခါးကို ကိုယ်တိုင်ကိုယ်
ကျရိပေါ်ဖွင့်ပေးလိုက်သည်အထိ
ခါးပတ်ကြိုးကို မြဲမြဲ ကိုင်ထားသေးတဲ့ ယုန်ဇိုး
ကြီးကို ကြည့်ပြီး ရိပေါ် ကြိတ်ရယ်သည်။

တကယ်ဘာလုပ်မယ်ထင်နေတာလဲ ။
အိမ်တံခါးဝကအစောင့်တွေကတော့
ကားတံခါးကြီးဖွင့်ပြီး ရယ်နေတဲ့သူတို့သခင်
လေးကို အံ့သြစွာ ကြည့်ရူနေကြသည်။

* သခင်လေး ချစ်သူများလား *

*ဟုတ်လောက်မယ် *

*partner seat မှာ လူတစ်ယောက်ထိုင်နေ
သလိုပဲ *

အိမ်ပေါက်ဝထိလာကြို နေနဲ့ စားဖိုမှူးအဒေါ်ကြီး
ကစပ်စပ်စုစုမေးမြန်းပြီး သူ့ကိုယ်သူ16နှစ်အ
လား အိမ်ပေါ်ထပ်ကို ပြေးတတ်သွားသည်။

" သခင်မကြီး သခင်မကြီး သခင်လေး
ကောင်မလေးခေါ်လာတယ် "

"ဟမ် "

သားအဝတ်တွေကိုယ်တိုင်ခေါက်နေတဲ့
ဝမ်မားမားဟာ အံ့သြသွားပြီး
တံခါးဝကြီးဆီကိုပြေးသွားပြန်သည်။

အခုဆို ရိပေါ်ကားထဲက လူကိုစောင့်မျှော်
နေကြတာ တံခါးဝကြီးမှာ 10 ယောက်လောက်
ရှိပြီ ။

သူတို့သခင်လေးက အိမ်ကိုဘယ်သူ့မှခေါ်
မလာဖူး ။ ဒီကြားထဲ မိသားစုဝင်တွေကလွဲ
၍ မည်သူ့မျှလည်း ပြုံးပြဖူးခြင်းမရှိရာ
စောင့်ကြည့်နေသူတိုင်းကတော့ သေချာပေါက်
မိန်းမလေးချောချောဟုယုံကြည်နေကြသည်။

The boy Like MoonWhere stories live. Discover now